Lrc Player

13.Ou Pyit Khar Law Ka Thar

Unknown artist
[05:48.81]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:33.41] အခန်းထောင့်ကစားပွဲပေါ် တင်ထားတဲ့

[00:39.58] ဆုတံဆိပ်တွေ ဖုန်တက်တော့

[00:43.30] အောင်မြင်မှုရယ် မနေ့ကကျန်ခဲ့ပြီ

[00:56.06] အသစ်လုပ်ဖို့ အားအင် ကုန်ခမ်း

[01:01.37] အဟောင်းတွေးပြီး မွေ့လျော်

[01:05.62] ပျော်ရွှင်ခြင်းရယ်မလတ်ဆတ်နိုင်တော့ပြီ

[01:18.36] သွားတွေကျိုး

[01:23.15] ပါးတွေတွန့်

[01:29.00] ခါးတွေကုန်းလို့မြေနမ်းလု

[01:35.11] လူ့ဘဝကြီးရဲ့အရသာခါးသီးလှတော့

[01:37.49] အရက်ဖြူနှစ်ပက်နဲ့ရောပြီး

[01:38.83] ဇွတ်မျိုချရ နတ်ပြည်နဲ့ငရဲကြား

[01:41.48] တစ်ယောက်သောကိုယ့်မှာ

[01:46.53] ဥပေက္ခာလောက ဥပေက္ခာလောက

[01:51.57] ဥပေက္ခာလောက သား

[02:17.09] အလှကြည့်မှန်ရှေ့မှာ ထိုင်မိရင်

[02:22.40] ရုပ်အလှက မကျသေးလည်း

[02:26.66] ပျိုမြစ်ခြင်းမာန် မျက်လုံးမှာမရှိပြီ

[02:38.87] အဟောင်းအတွက်လည်း

[02:40.47] လှည့်ပြီးမကြည်နူးနိုင်

[02:44.46] အသစ်အတွက်လည်းမကြေကွဲသာ

[02:48.72] ရှင်သန်ခြင်းရယ် သိပ်အဓိပ္ပါယ်မရှိ

[03:00.93] သွားစရာအပြည့်

[03:05.98] နားစရာအထိ

[03:11.30] တစ်သက်တာအထိတော့ မဖူလုံပါ

[03:17.67] လူ့ဘဝကြီးရဲ့အရသာခါးသီးလှတော့

[03:20.06] အရက်ဖြူနှစ်ပက်နဲ့ရောပြီး

[03:21.40] ဇွတ်မျိုချရ နတ်ပြည်နဲ့ငရဲကြား

[03:24.05] တစ်ယောက်သောပြည့်တန်ဆာမ

[03:28.82] ဥပေက္ခာလောက ဥပေက္ခာလောက

[03:34.14] ဥပေက္ခာလောက သား

[03:59.92] ကက်ဆက်ကဖွင့်တဲ့ကိုယ့်သီချင်းတွေ

[04:04.70] ကြားမိတိုင်းရှက်တယ်

[04:08.95] အမှန်တရားရယ်အတွေးထဲကျန်ခဲ့ပြီ

[04:21.17] စီးပွားရေး အများလိုမောင်လည်း

[04:26.48] ဘာကြောင့်မို့မလုပ်လဲ

[04:30.73] အိမ်သူအမေးရယ်ခုထိအဖြေမသိ

[04:42.96] ကိုယ့်ဘာသာ

[04:48.27] ကိုယ့်အပူရှာ

[04:53.32] သိချင်လွန်းတဲ့ ညာဥ်ကျိန်စာ

[04:59.95] လူ့ဘဝကြီးရဲ့အရသာခါးသီးလှတော့

[05:02.08] အရက်ဖြူနှစ်ပက်နဲ့ရောပြီး

[05:03.67] ဇွတ်မျိုချရ နတ်ပြည်နဲ့ငရဲကြား

[05:06.32] တစ်ယောက်သောတေးကဗျာဆရာ

[05:10.84] ဥပေက္ခာလောက ဥပေက္ခာလောက

[05:15.89] ဥပေက္ခာလောက သား