02 Chit Soe Yain
[00:15.82] ကျောင်းတော်ပြန်မယ့်ရက်
[00:20.59] မျှော်စောင့်ရသူအဖြစ်
[00:23.26] သွေးတက်လွန်းလှပြီ
[00:28.31] ကြွားလုံးတွေထုတ်
[00:29.39] ပျော်စရာအမယ်စုံစကားကြားချင်ပြီ
[00:35.22] အခုလိုတစ်မြေတစ်ရပ်ဆီ
[00:40.26] တစ်ခါမှမခွဲကြစဖူး
[00:42.94] ရူးလောက်တဲ့အတွေ့အကြုံ
[00:47.70] ကျောင်းဖွင့်ချိန်ဟာ
[00:49.57] ကိုယ်လေအနေခက်ဆုံးရက်တွေပေါ့
[00:54.34] နှုတ်ဆိတ်စကားလည်းမပြောချင်
[00:57.27] အများနဲ့ရောလည်းမရောချင်
[00:59.92] တစ်ယောက်တည်းငေးနေ
[01:01.26] တစ်ချိန်လုံးပြက္ခဒိန်ကြည့်
[01:03.93] ကျောင်းပိတ်ရက်စောင့်သူကိုယ်ပါလေ
[01:09.78] တက္ကသိုလ်မြေအကြောင်းလို့
[01:15.37] စာအုပ်ဝတ္ထုထဲဖတ်ခဲ့ရဖူးရုံ
[01:22.00] အလှမ်းဝေးသူပါ
[01:23.32] ကိုယ်လေဂုဏ်ယူမဆုံးမင်းရယ်ပေါ့
[01:29.17] အပေါင်းအဖော်တွေကအသစ်
[01:34.75] ဆွေမျိုးမိဘဝေးအားလုံးကတစိမ်းနယ်
[01:41.65] အစားအသောက်အနေအထိုင်
[01:43.25] အရာရာဆင်ခြင်ဦးဂရုစိုက်ဦး
[01:48.57] မင်းအကြောင်းကောင်းကောင်းသိတယ်
[01:51.22] အများထက်ကြိုးစားလွန်းသူ
[01:54.14] စာကျက်လွန်းပြီးပင်ပန်းဖျားနေမလား
[01:57.59] တွေးတွေးရင်း စိတ်ပူ ကိုယ်ပါလေ
[02:19.91] ကျောင်းအတူတက်ရင်းလေ
[02:24.69] လူချင်းတစ်ယောက်နဲ့တစ်ယောက်
[02:26.55] ရင်းနှီးဖို့သိပ်လွယ်
[02:31.60] နောက်ကြပြောင်ကြ
[02:32.92] ဂုဏ်ရည်တူသူချင်းအလျည်းရယ်သင့်
[02:38.50] စကားတွေဖေါင်ဖွဲ့ကြ
[02:43.55] စနေနဲ့တနင်္ဂနွေမက
[02:46.21] ကျောင်းဆင်းပြီးညနေ
[02:51.25] အခုလောက်ဆိုရင်
[02:52.05] အဆောင်ကိုလည်သူတစ်ယောက်ရှိနေရော့
[02:57.89] အိုးချင်းထိတတ်သတဲ့လေ
[03:00.55] ကြိုးချင်းငြိတတ်သတဲ့လေ
[03:03.19] တကယ်တမ်းဖြစ်ရင်
[03:04.53] တမင်မင်းမုန်းအောင်ပေါ့
[03:06.92] မိုက်ပြရမဲ့သူကိုယ်ပါလေ
[03:13.57] အိုးချင်းထိတတ်သတဲ့လေ
[03:15.96] ကြိုးချင်းငြိတတ်သတဲ့လေ
[03:18.61] တကယ်တမ်းဖြစ်ရင်
[03:19.94] တမင်မင်းမုန်းအောင်ပေါ့
[03:22.33] မိုက်ပြရမဲ့သူကိုယ်ပါလေ
