11 Kout Nan Par Ya Say
[00:11.61] လွင့်ကြွေခဲ့ရပန်းဘဝမို့ အားငယ်နေပြီလား
[00:17.19] ခြောက်ခြောက်သွေ့သွေ့အဆင်းမဲ့မို့
[00:19.84] မင်းရှက်နေပြီလား
[00:22.76] ပျက်မပြယ် ရနံ့ရယ်သင်းဆဲမို့ အားယူပြုံးပါဦး
[00:28.34] ပန်းကောက်လေသူ ကိုယ့်အတွက်တော့
[00:31.00] ဆုလာဘ်လက်ဆောင်ပေါ့
[00:34.45] ပင်မြင့်ဖျားထက်လှရက်တဲ့ ဘဝကိုလွမ်းနေလား
[00:39.78] ရွက်စိမ်းနုတို့ ဝန်းခတဲ့အတိတ်ကိုမေ့နေလား
[00:45.78] ပန်းကြွေတောမှာ မျောရတော့မယ့်အဖြစ်ကို လက်ခံနော်
[00:51.09] မချူသာခဲ့သူ ကိုယ့်တစ်ယောက်တော့ ဝမ်းမြောက်မိပါရဲ့
[00:57.08] ပန်းခြွေတဲ့လေ နှုတ်ဆက်ထွက်ခွာချိန်
[01:02.67] ပွင့်ဖတ်လေးတွေ ဝေ့လည်ကာ ကြွေဆင်းခဲ့ပြီ
[01:08.22] စမ်းရေကြောမှာမျောလို့ လိုက်မပါခင်
[01:13.81] အနီးဆုံးရောက်လာ ကိုယ့်ရင်မှာ နေရာပေးပါရစေ
[01:42.54] နေဝင်ချိန်မှာ ဝမ်းနည်းမှုနဲ့ညိုးငယ်လို့နေလည်း
[01:47.86] ရောင်နီလာရင် နေ့သစ်ရောက်မှာ နိယာမပါကွာ
[01:53.71] ခွန်အားသစ်တို့ဖြစ်ဖို့ရာ လက်တွဲရအောင်နော်
[01:59.29] ပန်းချစ်သူမှာ မင်းအရောက်ဆီးကြိုစောင့်နေတယ်
[02:05.15] ပန်းခြွေတဲ့လေ နှုတ်ဆက်ထွက်ခွာပြီ
[02:10.45] ပွင့်ဖတ်ကလေးတွေ ဝေ့လည်ကာ ကြွေလွင့်ခဲ့ပြီ
[02:16.29] အလှမ်းမမီခဲ့သူ ကမ်းလင့်လက်ဆန့်တန်း
[02:21.87] ရင်ခွင်ညှာမှာ သည်းဦးပန်းမို့ ကောက်နမ်းပါရစေ
