Lrc Player

06.76 Sayy Yone Lann Kyar

Unknown artist
[02:33.91]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:13.72] အိမ်ရှေ့က မက်မန်းပင်

[00:15.84] အိမ်နောက်က ယူကလစ်ပင်

[00:18.24] အိမ်ထောင့်က ချယ်ရီပင်တွေ

[00:20.64] ထင်းရှူးပင်တွေ

[00:21.69] အစီအရီပတ်ဝိုင်းလို့

[00:23.28] စိမ်းလမ်းစိုပြေ နယ်မြေလေး

[00:27.53] ကိုယ်နေတဲ့နေရာ

[00:29.13] နေသာတယ် လေလာတယ်

[00:32.33] သာယာတဲ့ သဘာဝအလှတွေခ

[00:37.12] တကြိမ်တခါလောက်လမ်းကြုံရင်လေ

[00:39.51] မနေချင်တောင် ရောက်တယ်ဆိုရုံ

[00:41.90] လာလည်ပါလား မိန်းကလေးရာ

[00:52.00] နှုတ်ဖျားက သီချင်းတပုဒ်

[00:53.61] ရင်ထဲက သီချင်းတပုဒ်

[00:56.26] လက်ထဲကဂီတာအိုရယ်

[00:58.37] ဆေးလိပ်တိုရယ်

[00:59.71] ဒါတွေမှတပါး

[01:01.83] အဖိုးထိုက်တန်တာ ဘာမှမရှိ

[01:05.55] ကိုယ်ပိုင်တဲ့အရာ

[01:07.41] ရယ်စရာတွေ ငိုစရာတွေ

[01:10.33] ပိုမိုကာ ခံစားတတ်နိုင်ခြင်းပါ

[01:15.66] ဘယ်သူမဆို ခူးနိုင်ပါတယ်

[01:17.77] ဝါသနာရဲ့ အဖူးအပွင့်လေးတွေ

[01:19.90] ပန်ချင်ပါစ မိန်းကလေးရာ

[01:44.59] ငြိမ်တော့လဲ လေညင်းပမာ

[01:46.46] ထန်တော့လဲ မုန်တိုင်းမက

[01:48.85] ချစ်အနမ်းနဲ့ နာကျင်စေလိုမှုနဲ့ယှဥ်ကာ

[01:52.56] သဉ်ဇာစက်ခန်း

[01:54.44] ပဋိပက္ခစိတ်နဲ့ အစဥ်လှုပ်ရှား

[01:58.43] ကိုယ်ဆိုတဲ့လူ

[02:00.00] မနိုင်တော့တဲ့ မပိုင်တော့တဲ့

[02:03.20] အာရုံရဲ့ ထွေပြားမှုတွေကြား

[02:07.98] ကဗျာဆရာလဲ ဖြစ်ချင်ဖြစ်မယ်

[02:10.38] လူညာလဲ ဖြစ်ချင်ဖြစ်မယ်

[02:12.75] ကြည်ဖြူနိုင်မလား မိန်းကလေးရာ