Lrc Player

10.Lann Bay A Naint San

Unknown artist
[04:41.31]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:19.70] ပထဝီ မြေကမ္ဘာကြီးထက်

[00:25.27] ပေါက်ရောက်လာခဲ့သော

[00:27.41] စိုစွတ်မှုဓာတ်သာတူညီမျှကြတယ်

[00:31.40] ဆိုပေမယ့်

[00:34.33] မဆိုထားနဲ့ နန်းထက်မှာ

[00:39.10] ပျိုကညာ ကေသာထက်တောင်

[00:43.08] ယောင်လို့တောင်မရောက်ခဲ့ဘူးလေတဲ့

[00:47.61] လမ်းဘေးပန်း...

[00:53.18] အညံပန်းလေး..

[00:55.84] အနိမ့်မှာစံ

[01:07.99] ပြုစုသူမရှိခြင်းမှ

[01:10.12] အလေးထားသူမတွေ့သလောက်ပါပဲ

[01:15.42] အဆင်းနဲ့အရောင် မွဲတဲ့အထဲမှာ

[01:17.03] စွဲမက်စရာသင်းရနံ့ မဲ့ပြန်တော့

[01:22.06] နင်းပြားပါသိမ်းနုတ်အပြီးမှာလဲ

[01:25.52] ချောင်းထဲသာမျော

[01:43.07] တူညီတဲ့ ညင်သာ အမေ့ရဲ့

[01:48.64] လက်ထဲမှာကြီးကာ ရင်နို့သောက်စို့

[01:53.96] လာသူတွေချည်းဖြစ်တယ်ဆိုတောင်မှ

[01:58.01] မပျော်ခဲ့ရ ကလေးလေးဘဝမှာ

[02:02.53] စာအံသံ တညံညံ ကျောင်းတော်

[02:06.24] မျှော်ကြည့်ကာ အဝေးကငေးရုံပဲ

[02:11.03] ဆင်းရဲသား....

[02:16.60] အသိုင်းအဝိုင်းကြားမှာ..

[02:20.59] အစွန့်အနိမ်ခံ

[02:31.23] အရေးပေးသူမရှိခြင်းမှာ

[02:33.07] အားပေးဖော်မတွေ့သလောက်ကိုရှား

[02:38.14] ပွဲများမှာ လုံးဝမတင့်တယ်

[02:40.26] အားလုံးအလယ် ခေါင်းငုံ့မဖော်ရဲ

[02:45.51] စိတ်အားငယ် မတိုးဝံ့ခဲ့လူကြား

[02:48.96] ပြေးလို့ ရှောင်ရှား

[03:11.27] ဆယ်ကျော်အရွယ် ညဥ့်ရင်ထဲက

[03:15.53] နိုးကြားလာမေတ္တာ

[03:18.99] ကိုယ်တစ်ယောက်လဲ ဆုံချင်တာပေါ့

[03:24.02] ချစ်ဦးငယ် ဒါပေမယ့်

[03:25.88] မဆိုထားနဲ့ ပေါင်းဖက်ဖို့ရာ

[03:30.66] ခြေအစုံပေါ် မဟန်နိုင်တဲ့သူ

[03:34.38] ကြင်ရေးမလွယ်လက်လွှတ်ရပြန်တယ်

[03:38.63] အရှုံးထဲက...

[03:44.76] အရှုံးသမားလေး အဖြစ်ရယ်

[03:47.95] အပစ်အပယ်ခံ

[03:58.84] လမိုက်တိမ်မည်းခိုက်မှာ

[04:00.96] အားထားဖော် မီးပျောက်ပုံဆန်း

[04:06.01] မွေးဖွားလာအလင်းမဲ့ညသန်းခေါင်

[04:07.59] ဖြတ်သန်းလာလောကအမှောင်ခြမ်း

[04:12.65] လွတ်လမ်းမမြင်ရပ်၍လျှောက်နေဆဲ

[04:16.37] ညမိုက်တွေထဲ