04.Myel Nay Thay Tae Let Twel Ta Khu
[00:17.98] သူများနဲ့နည်းတူ
[00:20.36] ရေခပ်ထွက်ခဲ့တယ်
[00:23.02] နှစ်ယောက်ပေါင်းမှ
[00:24.61] မပြည့်တဲ့အိုးရယ်
[00:28.87] မလေးပေမယ့်လည်း
[00:31.53] ကိုယ့်အားထက်မစွမ်းရုံတမယ်
[00:40.03] မပြည့်သောအိုးလေးနဲ့
[00:42.69] ရေခပ်ထွက်ခဲ့တယ်
[00:45.61] အထမ်းမရှိလို့ခေါင်းနဲ့ရွက်မယ်
[00:51.45] မဝေးပေမယ့်လည်း
[00:54.11] ခလုတ်ကန်သင်းနဲ့လမ်းပါပဲ
[01:03.13] ရေမစင်ဘဲ အိုးမကွဲလာပေမယ့်
[01:08.18] ဘောင်ဘင်တော့ရိုက်ခဲ့ပါတယ်
[01:13.22] ရေတွေမဖိတ်လည်း မျက်ရည်ဝဲ
[01:16.96] ခြေချော်တာရှိခဲ့ပေမယ့်လည်း
[01:22.54] ပြန်ဟန်အောင် ထိန်းသိမ်းကာရယ်
[01:26.77] အဆင်မပြေမှုတွေကျော်ခဲ့တယ်
[01:30.76] တနေ့နေ့တော့ကွဲမှာပါပဲဆိုကြတယ်
[01:36.34] ကဲ့ရဲ့ဖို့စောင်နေသူတွေရဲ့ကြားထဲ
[01:41.92] ခုထက်ထိမြဲလာနိုင်တဲ့လက်တွဲရယ်
[01:47.25] ခရီးအဆုံးမရောက်သေးပေမယ့်လဲ
[01:49.90] ကျေနပ်တယ်
[02:15.14] မြဲနေသေးတဲ့ လက်တွဲတခု
[02:15.14] သူများနဲ့နည်းတူ
[02:17.54] အမှောင်ထဲလျှောက်ခဲ့တယ်
[02:20.46] နှစ်ယောက်ပေါင်းမှ
[02:21.79] ဖယောင်းတတိုင်တည်းရယ်
[02:26.57] လင်းပေမယ့်လည်း
[02:29.49] ကြည့်လို့ရလောက်ရုံပဲ
[02:37.45] တတိုင်သောမီးကလေးနဲ့
[02:39.59] အမှောင်ထဲ လျှောက်ခဲ့တယ်
[02:42.50] အဖုံးမရှိလို့ လက်ကာမိုးမယ်
[02:48.90] မကြမ်းပေမယ့်လည်း
[02:51.28] အတက်အဆင်းနဲ့လမ်းပါပဲ
[03:00.06] အူမကုန်ပဲ မီးမငြိမ်းလာပေမယ့်
[03:05.36] ဟိုဒီတော့ယိမ်းခဲ့ပါတယ်
[03:10.40] မှိန်တချက်လင်းတချက်နှလုံးခုန်ခဲ့
[03:14.13] လေထန်တွေ တိုက်ခဲ့ပေမယ့်လည်း
[03:19.44] ပြန်ငြိမ်အောင်ထိန်းသိမ်းကာရယ်
[03:23.96] အဆင်မပြေမှုတွေကျော်ခဲ့တယ်
[03:27.68] တနေ့နေ့တော့ကွဲမှာပါပဲဆိုကြတယ်
[03:33.52] လက်ညိုးထိုးသိပ်လွယ်သူတွေရဲ့ကြားထဲ
[03:39.10] ခုထက်ထိမြဲလာနိုင်တဲ့ လက်တွဲရယ်
[03:44.67] ထုတ်ပြောဖို့စောပေမယ့်လည်းပျော်မိတယ်
[04:12.08] သူများရဲ့နည်းတူအခေါ်နောက်လိုက်ခဲ့တယ်
[04:17.41] နှစ်ယောက်ပေါင်းမှအချစ်တခုတည်းရယ်
[04:23.77] မကြောက်ပေမယ့်လည်း
[04:26.42] နည်းနည်းတော့ အားငယ်တယ်
[04:34.40] တခုသောအချစ်ကလေးနဲ့
[04:37.07] အခေါ်နောက်လိုက်ခဲ့တယ်
[04:39.73] တခြားမရှိလို့ နားလည်ပါ့မယ်
[04:45.83] ဟောင်းပေမယ့်လည်း
[04:48.48] မရိုးသေးတဲ့လမ်းပါပဲ
[04:56.98] အိမ်မပြိုပဲအချစ်မပျက်လာပေမယ့်
[05:02.56] မကြာမကြာတော့တကျက်ကျက်ပါပဲ
[05:07.36] ရယ်တခါမဲ့တလှည့်ဘဝစုံခဲ့
[05:11.35] မတူတာတွေရှိခဲ့ပေမယ့်လည်း
[05:16.39] အရာရာကိုညှိနှိုင်းကာရယ်
[05:20.91] အဆင်မပြေမှုတွေကျော်ခဲ့တယ်
[05:25.16] တနေ့နေ့တော့ကွဲမှာပါပဲဆိုကြတယ်
[05:30.47] လဲအကျဖိထောင်းချင်သူတွေရဲ့ကြားထဲ
[05:36.32] ခုထက်ထိမြဲလာနိုင်တဲ့လက်တွဲရယ်
[05:41.65] ခေါင်းမော့ပြီးမကြွားချင်ပေမယ့်
[05:44.30] ကြည်နူးတယ်
