Lrc Player

09.Min Wan Thar Tot

Unknown artist
[04:55.68]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:27.24] သုတ်ပေးသူမရှိတဲ့ မျက်ရည်နဲ့

[00:31.49] မင်းပါးပြင် စိုနေပြီလား

[00:36.00] ချော့မော့သူမရှိတဲ့ ရှိုက်သံနဲ့

[00:40.26] မင်းရင်မှာ တုန်ခါနေပလား

[00:44.78] အမျှော်ကြာလဲ မရောက်တဲ့

[00:46.90] စိတ်ညစ်စရာကင်းကွာစေမယ့်မနက်ဖြန်

[00:53.54] လိုချင်စိတ်စောတဲ့

[00:55.67] မင်းအပြုံးတွေပန်းလိုဝေမယ့်မနက်ဖြန်

[01:01.77] ပိုင်ရှင်အမှန်ထံကို ပို့ပေးမယ်

[01:06.30] ဒီတခါမင်း ဝမ်းသာတော့အချစ်ရယ်

[01:13.20] အရင်လိုပြန်လှမယ့်ကောင်းကင်အောက်

[01:17.46] အရင်လိုဖြောင့်တန်းမယ့်လမ်းငယ်တလျှောက်

[01:21.71] အရင်လို လက်တွဲခွင့် နီးနေပြီ

[01:26.22] အပြစ်ကလေး ဝန်ချဖို့ရယ်

[01:28.08] အချစ်ကြွေးတွေဆပ်ဖို့ရယ်

[01:30.21] မင်းရှိရာ ကိုယ်ပြန်ခဲ့မယ်

[01:53.31] အိပ်ရင်းနဲ့လမ်းထလျှောက်သလိုပဲ

[01:57.30] အချစ်မရှိရာ နယ်ကျွံလာသူ

[02:01.83] လန့်နိုးမှ မင်းရဲ့ အချစ်ရင်ခွင်

[02:06.35] အေးချမ်းတာ ပိုမြင်လာသူ

[02:10.60] မီနိုင်ပါ့မလားလို့

[02:12.72] ခွင့်လွတ်စကားနားမှာချိုမယ့်မနက်ဖြန်

[02:19.36] ပျော်နိုင်ပါ့မလားလို့

[02:21.22] မင်းအနမ်းတွေမိုးလိုရွာမယ့်မနက်ဖြန်

[02:28.14] နေရာမှန်ဆီ လူမှန်အရောက်လှမ်းဆဲ

[02:32.38] ဒီတခါတော့မင်းဝမ်းသာတော့အချစ်ရယ်

[02:39.29] အရင်လိုပြန်စိမ်းလန်းမယ့် ဥယျာဥ်မှာ

[02:43.28] အရင်လိုပြန်မွှေးမယ့် ပန်းငယ်တပွင့်

[02:48.05] အရင်လိုပန်ပေးခွင့် နီးနေပြီ

[02:51.77] အလှသစ် ရှာကြဖို့ရယ်

[02:53.90] ဘဝသစ်တည်ဆောက်ဖို့ရယ်

[02:56.28] မင်းရှိရာ ကိုယ်ပြန်ခဲ့မယ်

[03:16.74] တံခွန်မရှိတဲ့ရထားမို့အလှမစုံတယ်

[03:21.25] ပွဲလမ်းသဘင်ဝင်ရန် မဝံမရဲ

[03:25.50] လင်မရှိတဲ့မိန်းမ မျက်နှာငယ်

[03:30.02] လောကကို ရင်ဆိုင်ရန် မလွယ်

[03:34.54] စာနာနောင်တ နဲ့

[03:36.66] ဘဝဟောင်းကိုပြုပြင်နိုင်မယ့်မနက်ဖြန်

[03:43.03] အကြင်နာ ဆပွားနဲ့

[03:45.16] အားလုံးအလယ်တင့်တယ်နိုင်မယ့်မနက်ဖြန်

[03:51.80] အချိန်တန်ရင် ဧကန်စံရမယ်

[03:56.58] ဒီတခါတော့မင်းဝမ်းသာတော့အချစ်ရယ်

[04:02.69] အရင်လို ပြန်လွမ်းဆွေးဖို့လဲမလိုပြီ

[04:06.94] အရင်လို ပြန်စိတ်ညစ်ဖို့လဲ မလိုပြီ

[04:11.98] ထာဝစဥ်ပျော်ပါးဖို့ပဲ စောင့်နေတော့

[04:15.71] နှလုံးသား တဖြစ်လဲ အချစ်နဲ့

[04:18.10] အရှုံးသမား တဖြစ်လဲ အသိနဲ့

[04:20.22] မင်းရှိရာ ကိုယ်ပြန်ခဲ့မယ်