01.May Myoh Moe
[00:23.83] ရွာမလိုလို လာမလိုလိုနဲ့
[00:27.56] လေယူရာပါသွားတဲ့ မိုးတိမ်လို
[00:32.33] မြင်သာမြင် မကြင်ရတဲ့မေတ္တာ
[00:36.85] မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
[00:40.84] မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
[00:45.61] သူမချစ်တာကို သူမချစ်တာကို
[00:50.40] ဘယ်လိုမှ အပြစ်ပြောဖို့မရှိပြီ
[00:55.18] ဟိုအရင်တစ်ခါက
[00:57.04] ရေစိုထမီနဲ့မိုးရေမှာလှပခဲ့ဖူးတာ
[01:03.70] ပြန်မြင်ယောင်လည်း
[01:06.09] ရင်နာရုံကလွဲပြီးတော့
[01:10.33] ဘာမှ မတက်နိုင်ဘူး
[01:14.06] ခွင့်လွှတ်လိုက်ရပြီ
[01:15.91] စွန့်လွှတ်လိုက်ရပြီ
[01:18.30] လက်လျှော့လိုက်ရပြီ
[01:21.76] အိုး မေမြို့မိုး အစိုးမရတော့ပြီ
[01:27.88] အိုး မေမြို့မိုး ကိုးမရတော့ပြီ
[01:35.32] အိုး အိုး အိုး အိုး
[01:38.52] မေမြို့မိုး မေမြို့မိုး
[02:01.88] ပြန်ကြုံရင် ရင်ခုန်နေဆဲ
[02:06.13] ဖွေသာဖွေ အဖြေမရှိတဲ့ပုစ္ဆာလို
[02:10.91] မှန်သာမှန် ပန်မပေးရ သစ္စာ
[02:15.17] မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
[02:19.68] မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ
[02:24.21] သူပစ်ခွာလို့ သူပစ်ခွာလို့
[02:28.74] အခြေအနေတွေ တမျိုးပြောင်းလဲခဲ့ပြီ
[02:32.99] ဒီလိုအချိန်မှာ လူမြင်မခံတဲ့
[02:37.24] မျက်ရည်တွေ တိတ်တခိုးလေးကျလေ
[02:42.57] ရင်နာတာကို မနာသလိုနေပြတဲ့ ကြားထဲ
[02:48.40] ဘာမှ မတက်နိုင်ဘူး
[02:52.37] ယောကျာ်းလည်း အသည်းနဲ့
[02:54.51] ယောကျာ်းလည်း အလွမ်းနဲ့
[02:56.63] ယောကျာ်းလည်း အဆွေးနဲ့
[02:59.82] အိုး မေမြို့မိုး အစိုးမရတော့ပြီ
[03:07.00] အိုး မေမြို့မိုး ကိုးမရတော့ပြီ
[03:13.65] အိုး အိုး အိုး အိုး
[03:16.84] မေမြို့မိုး မေမြို့မိုး
[03:40.50] တစ်ခါတလေလည်း ပြန်မျှော်နေမိ
[03:45.29] ဆန္ဒတွေရှိလွန်းလို့ မဟုတ်ပါလေ
[03:49.27] မပြင်နိုင်တဲ့
[03:50.07] အကျင့်ဟောင်းတစ်ခုသဘောပါ
[03:53.80] မေမြို့မှာ မိုးပြန်ရွာဦးမလား
[03:58.04] မေမြို့မှာ မိုးပြန်ရွာဦးမလား
[04:02.83] ဘယ်သူပြောနိုင်မလဲ
[04:04.95] ဘယ်သူပြောနိုင်မလဲ
[04:07.07] အချိန်ဆိုတာ အကောင်းဆုံးမေ့ဆေးပါ
[04:11.59] ဂစ်တာအိုတောင်ပျိုရွယ်နေဆဲ
[04:15.57] တေးသံနဲ့ သီချင်းသစ်ဖြစ်သေးရင်
[04:20.62] အကြင်နာဆိုတာ
[04:23.01] ဒီတယောက်နဲ့ပဲ ပြီးသင့်သလား
[04:26.99] ငါနဲ့ ငါ့အနာဟောင်းနဲ့
[04:30.71] အချစ်တစ်ခု ဖြစ်ရော့သလား
[04:32.58] ဘဝတစ်ခု ဖြစ်ရော့လား
[04:35.49] စဉ်းစားကြည့်စမ်းပါ
[04:38.41] အိုး မေမြို့မိုး အစိုးမရတော့ပြီ
[04:44.79] အိုး မေမြို့မိုး ကိုးမရတော့ပြီ
[04:51.70] အိုး အိုး အိုး အိုး
[04:55.16] မေမြို့မိုး မေမြို့မိုး
