Lrc Player

08.Yadanar

Unknown artist
[06:14.47]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:40.79] စိတ်ဆိုးတုန်း သူ့မျက်နှာလေးဟာ

[00:44.77] ကိုယ်ချော့တော့ အမှိုက်ကင်းတဲ့

[00:48.17] လပမာ တကယ်မေ့မရ

[00:51.35] အတွေ့အကြုံသစ်တစ်မျိုးပါ ရတနာ

[00:55.86] အစစ်တစ်ခုအလား ရတနာ

[01:01.70] အငယ်အဦးမို့ သူ့အတွက်တမင်လျော့လာ

[01:05.69] အလိုလိုက်သမျှ ကိုယ့်မိုက်နောင်တပေါ့

[01:10.74] လွတ်သောငါးကြီးတယ်လို့ မယိုးပါ

[01:15.51] နဂို အရွယ်အတိုင်းပဲ နဂို

[01:22.42] စွန်တွေဖြတ်ကြတဲ့ကလေးဘဝ

[01:24.81] ကိုယ်လေ ကြိုးပြတ်လို့ရှုံးတော့

[01:27.20] ရယ်ရယ်မောမောနဲ့ပြောဖူးခဲ့တဲ့စကား

[01:31.45] မှတ်မိသေးတယ် တကယ်

[01:33.84] ကြိုးနဲ့စွန်ကြား အပြစ်ကပြတ်သူပါ

[01:39.17] ကိုယ်လေ လက်ဆင့်မကမ်းချင်လဲ

[01:41.02] သူကထွက်ဖို့အသင့်မဟုတ်လား

[01:43.41] မလွန်ခင်အားလုံး အလိုက်တသိနဲ့

[01:45.52] ရင်မနာသလိုလို သွားတော့

[01:47.12] ပြောလိုက်ရုံပဲ အပြင်ကမ္ဘာရဲ့

[01:51.37] မြူဆွယ်သံ အားကြီးလွန်းပြီ

[01:54.57] ခါးသီးလွန်းပြီ

[02:17.77] နံနက်ခင်းတိုင်း လုပ်ငန်းဝင်ခဲ့သမျှ

[02:22.04] ထွန်ယက်ခြင်းရိတ်သိမ်းတဲ့ အဆုံးတိုင်

[02:26.57] လက်များနဲ့လုပ်ကာ

[02:28.68] မျက်လုံးနဲ့တွယ်တာစကားပြောတဲ့

[02:33.47] အတွယ်အတာ

[02:38.53] ရေနွေးကြမ်းငှဲ့ပေးစဉ်တုန်းက

[02:43.05] ထန်းလျက်ခဲလေးထည့်ကျွေးအပိုဆုပါ

[02:47.83] မဖော်ပြဘဲ စိမ့်ယိုထွက်ကျတဲ့စေတနာ

[02:53.93] အလှဆုံးသူ့စေတနာ

[02:59.25] ဆရာထက် တပည့်က

[03:00.31] လက်စောင်းထက် ဝါသနာအရ

[03:02.17] ဒုက္ခကြားက ဖျော်ဖြေခွင့်လေးပဲ

[03:04.83] သူ့အစားလက်ခံခဲ့ရ

[03:08.29] တစ်နေ့တော့ရောက်လာပြီ

[03:10.93] တားခွင့်ရှိပေမယ့်

[03:13.33] မတားရက်တော့ပြီပဲ

[03:15.98] ကြင်သူဝေးတဲ့ရက်တွေမှာ

[03:18.11] ဘာတွေလုပ်ရမှန်းမသိလည်း

[03:20.24] ယုံကြည်စိတ်ချ မျက်ကန်းအလား

[03:22.64] ကိုယ်လေ တစ္ဆေကိုတောင်မှ

[03:23.98] မကြောက်တတ်တော့ပြီပေါ့

[03:27.16] လူရယ် ကံရယ် ညဏ်ရယ်

[03:28.22] လောကသဘောအလယ် ဝီရီယအားငယ်

[04:33.56] ဟိုနားကသီချင်းစသင့်တဲ့နေရာ

[04:37.81] ဒီနားကအချစ်စသင့်တဲ့နေရာ

[04:42.32] ဘယ်အနားမှာ သူ့အထာနဲ့သူ့တာ

[04:46.32] ဝေဒနာဆင်းရဲခြင်းဝေဒနာ

[04:54.28] ရင်ထဲကတောင့်တရာ

[04:56.41] နှစ်ယောက်ကမ္ဘာဆိတ်သုဉ်းလို့

[04:59.85] ခေါင်းလောင်းသံပျောက်ပြီ

[05:03.33] ကြည်နူးစွာတွဲတဲ့လက်များလည်း

[05:07.31] ပြိုင်တူနှုတ်ဆက်ရင်း ပြိုင်တူ

[05:15.04] ဖော်ကွာဝေးတဲ့စိတ္တဇည

[05:17.15] ကိုယ်လေတစ်ယောက်တည်းဖြတ်သန်းရင်း

[05:19.55] ရင်မှာတစ်ယောက်တော့ပျောက်ဆုံးခြင်း

[05:21.67] တကယ်မရှိပါ

[05:23.81] အမြဲတမ်းမှတ်ထင်နေ

[05:26.46] ဆဌမနဲ့ထာဝရ ကိုယ့်ရဲ့အချစ်အစဉ်အလာ

[05:31.49] ဗီဇသဘောကသိပ်ကွာတော့

[05:33.63] ကိုယ်နဲ့တစ်လှမ်းချင်းလိုက်မဲ့အစား

[05:35.75] ပျံနိုင်စွမ်းပဲ အားကိုးပါ

[05:38.13] လိုရာကိုသာ ညွှန်ကာပြလိုက်ပြီလေ

[05:42.92] ဟိုမှာပျော်ပါရွှင်ပါ

[05:44.53] အတိတ်ဇာတ်ကြောင်းများ အိပ်မက်ဟောင်းသာ