Lrc Player

13.Min Wan Thar Tot

Unknown artist
[04:59.94]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:27.42] သုတ်ပေးသူမရှိတဲ့ မျက်ရည်နဲ့

[00:32.11] မင်းပါးပြင်စိုနေပြီလား

[00:36.62] ချော့မော့သူမရှိတဲ့ ရှိုက်သံနဲ့

[00:40.89] မင်းရင်မှာတုန်ခါနေပြီလား

[00:45.17] အမျှော်ကြာလည်း မရောက်တဲ့

[00:47.74] စိတ်ညစ်စရာ ကင်းကွာစေမယ့်မနက်ဖြန်

[00:54.04] လိုချင်စိတ်စောတဲ့

[00:56.33] မင်းအပြုံးတွေ ပန်းလိုဝေမယ့်မနက်ဖြန်

[01:02.92] ပိုင်ရှင်အမှန်ထံကို ပို့ပေးမယ်

[01:07.43] ဒီတခါတော့ မင်းဝမ်းသာတော့အချစ်ရယ်

[01:13.80] အရင်လိုပြန်လှမယ့် ကောင်းကင်အောက်

[01:18.32] အရင်လိုဖြောင့်တန်းမယ့်

[01:20.17] လမ်းငယ်တလျှောက်

[01:22.56] အရင်လိုလက်တွဲခွင့် နီးနေပြီ

[01:26.81] အပြစ်ကလေး ဝန်ချဖို့ရယ်

[01:28.94] အချစ်ကြွေးတွေ ဆပ်ဖို့ရယ်

[01:31.33] မင်းရှိရာ ကိုယ်ပြန်ခဲ့မယ်

[01:54.23] အိပ်ရင်းနဲ့ လမ်းထလျှောက်သလိုပဲ

[01:58.49] အချစ်မရှိရာ နယ်ကျွံလာသူ

[02:03.01] လန့်နိုးမှ မင်းရဲ့အချစ်ရင်ခွင်

[02:07.29] အေးချမ်းတာ ပိုမြင်လာသူ

[02:12.09] မှီနိုင်ပါ့မလားလို့

[02:14.22] ခွင့်လွှတ်စကား နားမှာချိုမယ့်မနက်ဖြန်

[02:20.87] ပျော်နိုင်ပါ့မလားလို့

[02:22.98] မင်းအနမ်းတွေ မိုးလိုရွာမယ့်မနက်ဖြန်

[02:29.54] နေရာမှန်ဆီလူမှန် အရောက်လှမ်းဆဲ

[02:34.06] ဒီတခါတော့ မင်းဝမ်းသာတော့အချစ်ရယ်

[02:40.42] အရင်လိုပြန်စိမ်းလန်းမယ့် ဥယျာဉ်မှာ

[02:44.95] အရင်လိုပြန်မွှေးမယ့် ပန်းငယ်တပွင့်

[02:49.46] အရင်လိုပန်ပေးခွင့် နီးနေပြီ

[02:53.71] အလှသစ် ရှာကြဖို့ရယ်

[02:55.84] ဘဝသစ်တည်ဆောက်ဖို့ရယ်

[02:57.97] မင်းရှိရာ ကိုယ်ပြန်ခဲ့မယ်

[03:18.69] တံခွန်မရှိတဲ့ ရထားမို့ အလှမစုံတယ်

[03:23.21] ပွဲလမ်းသဘင်ဝင်ရန် မဝံ့မရဲ

[03:27.48] လင်မရှိတဲ့မိန်းမ မျက်နှာငယ်

[03:31.75] လောကကို ရင်ဆိုင်ရန်မလွယ်

[03:36.54] စာနာနောင်တနဲ့

[03:38.92] ဘဝဟောင်းကို ပြုပြင်နိုင်မယ့်မနက်ဖြန်

[03:45.31] အကြင်နာဆပွားနဲ့

[03:47.70] အားလုံးအလယ် တင့်တယ်နိုင်မယ့်မနက်ဖြန်

[03:54.34] အချိန်တန်ရင် ဧကန်စံရမယ်

[03:58.76] ဒီတခါတော့ မင်းဝမ်းသာတော့ အချစ်ရယ်

[04:05.41] အရင်လို ပြန်လွမ်းဆွေးဖို့လည်းမလိုပြီ

[04:09.64] အရင်လို ပြန်စိတ်ညစ်ဖို့လည်းမလိုပြီ

[04:14.17] ထာဝစဉ်ပျော်ပါးဖို့ပဲ စောင့်နေတော့

[04:18.41] နှလုံးသား တစ်ဖြစ်လဲအချစ်နဲ့

[04:20.54] အရှုံးသမား တစ်ဖြစ်လဲအသိနဲ့

[04:22.94] မင်းရှိရာ ကိုယ်ပြန်ခဲ့မယ်