14.Kyay Sar Ma Phyit Chin Nae
[00:10.00] သန်းခေါင်ကျော်လို့မနက်ရောက်လုပြီ
[00:12.12] လောကရယ် တခုလုံး
[00:15.58] တိတ်လို့ ဆိတ်လို့အိပ်ပျော်ဆဲ
[00:18.77] ကလေးရယ်
[00:21.15] ကိုယ်သာတယောက်တည်း
[00:22.22] အိပ်မရတဲ့ညလူ မို့ပါ
[00:26.99] ရင်ခွင်မှာအိပ်မောနေသူ
[00:29.12] နင်တယောက် မနိုးအောင်
[00:32.60] ထုံကျင်နေတဲ့ကိုယ့်လက်မောင်းကို
[00:34.71] မလှုပ်ရှားချင်ရက်ဘူး
[00:38.44] အသဲထဲ စွဲချစ် သနားပြီလေ
[00:42.94] ကြေးစား ကြေးစား မဖြစ်ချင်နဲ့
[00:47.47] ကြင်နာသူရဲ့ရှေ့ရေးတလျှောက်
[00:49.59] လိုအပ်ခိုက် အချက်ပြလိုက်ပါလေ
[00:54.38] လူရယ် မူရယ် အားလုံးအဆင်သင့်ပဲ
[01:19.34] ဘာလိုချင်လဲ နှုတ်ခမ်းပါးလေးတွေ
[01:21.47] လှုပ်ဟနေသယောင်ပဲ
[01:24.91] လောက အလှအပတရားတွေကိုလားဟင်
[01:30.76] တခါတလေမြင်တဲ့
[01:31.83] အိပ်မက်ရဲ့ကောင်းကွက် လားဟင်
[01:36.34] ဘာရယ် ဘာမှ နားမလည်နိုင်အောင်
[01:38.74] နင်အဖြစ်ဆိုးပြီ
[01:42.19] ဆင်ခြင်ဥာဏ်ရယ် ဦးနှောက်ပျက်ပြီ
[01:44.31] ပစ္စည်းရှင်တို့အစွဲ
[01:47.76] နှုတ်က ဖွင့်ဟမပြောပေမယ့်
[01:52.28] မျက်လုံးထဲ မျက်လုံးထဲ တောင့်တဆဲ
[01:56.78] ကြင်နာသူခြေရင်းအောက်ကြည့်ပါ နှလုံးသား
[02:00.24] တံခါးသော့ခတ်ကာလေ အပ်ပြီ
[02:03.98] ကျန်နေတာတွေအားလုံးတန်ဖိုးမရှိ
[02:28.94] ရောင်နီလာလို့ မနက်လင်းလုပြီ
[02:31.07] ဘဝပန်းသူပျော်ဆဲ
[02:33.99] အနမ်းနဲ့ မနိုးရက်ဘူးမေရယ် အိပ်ပါ
[02:40.38] ကိုယ်သာပြင်ပလောကရဲ့ ဒုက္ခကြားမှာ
[02:46.08] လိုချင်တာတွေ ပြည့်စုံလာတဲ့
[02:48.21] တနေ့ တချိန်ကျမှ
[02:51.40] ဝေဒနာတွေလည်း ဟောင်းရင့်ရွက်ကြွေ
[02:53.78] ထိုက်တဲ့ ရွေလမင်း
[02:57.24] ဝေးသထက်ဝေးပေါ့ သောကတွင်း
[03:01.75] ကြေးစား ကြေးစား မဖြစ်ချင်နဲ့
[03:06.27] ကြင်နာသူရဲ့ အပြုံးပန်းပွင့်ဝေ
[03:08.66] ချစ်ရိပ် ချစ်စိတ်လည်း ပိုသထက် ကဲစေ
[03:13.45] ဘာလိုချင်လဲ လက်ညိုးညွန်ပေါ့မေ
