Lrc Player

01.Yadanar

Unknown artist
[07:11.70]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:41.40] စိတ်ဆိုးတုန်း သူ့မျက်နှာလေးဟာ

[00:46.19] ကိုယ်ချော့တော့ အမှိုက်ကင်းတဲ့

[00:48.57] လပမာ တကယ်မေ့မရ

[00:53.10] အတွေ့အကြုံသစ်တစ်မျိုးပါ ရတနာ

[00:58.40] အစစ်တစ်ခုအလား ရတနာ

[01:05.04] အငယ်အဦးမို့ သူ့အတွက်တမင်လျော့လာ

[01:09.56] အလိုလိုက်သမျှ ကိုယ့်မိုက်နောင်တပေါ့

[01:15.14] လွတ်သောငါးကြီးတယ်လို့ မယိုးပါ

[01:20.45] နဂို အရွယ်အတိုင်းပဲ နဂို

[01:28.42] စွန်တွေဖြတ်ကြတဲ့ကလေးဘဝ

[01:30.81] ကိုယ်လေ ကြိုးပြတ်လို့ရှုံးတော့

[01:33.73] ရယ်ရယ်မောမောနဲ့ပြောဖူးခဲ့တဲ့စကား

[01:38.51] မှတ်မိသေးတယ် တကယ်

[01:41.70] ကြိုးနဲ့စွန်ကြား အပြစ်ကပြတ်သူပါ

[01:47.01] ကိုယ်လေ လက်ဆင့်မကမ်းချင်လဲ

[01:49.41] သူကထွက်ဖို့အသင့်မဟုတ်လား

[01:52.06] မလွန်ခင်အားလုံး အလိုက်တသိနဲ့

[01:54.71] ရင်မနာသလိုလို သွားတော့

[01:56.31] ပြောလိုက်ရုံပဲ အပြင်ကမ္ဘာရဲ့

[02:00.83] မြူဆွယ်သံ အားကြီးလွန်းပြီ

[02:04.28] ခါးသီးလွန်းပြီ

[02:31.64] နံနက်ခင်းတိုင်း လုပ်ငန်းဝင်ခဲ့သမျှ

[02:36.42] ထွန်ယက်ခြင်းရိတ်သိမ်းတဲ့ အဆုံးတိုင်

[02:41.99] လက်များနဲ့လုပ်ကာ

[02:44.38] မျက်လုံးနဲ့တွယ်တာစကားပြောတဲ့

[02:49.70] အတွယ်အတာ

[02:55.28] ရေနွေးကြမ်းငှဲ့ပေးစဉ်တုန်းက

[03:00.32] ထန်းလျက်ခဲလေးထည့်ကျွေးအပိုဆုပါ

[03:05.37] မဖော်ပြဘဲ စိမ့်ယိုထွက်ကျတဲ့စေတနာ

[03:12.29] အလှဆုံးသူ့စေတနာ

[03:18.65] ဆရာထက် တပည့်က

[03:19.98] လက်စောင်းထက် ဝါသနာအရ

[03:21.85] ဒုက္ခကြားက ဖျော်ဖြေခွင့်လေးပဲ

[03:25.29] သူ့အစားလက်ခံခဲ့ရ

[03:28.75] တစ်နေ့တော့ရောက်လာပြီ

[03:31.94] တားခွင့်ရှိပေမယ့်

[03:34.59] မတားရက်တော့ပြီပဲ

[03:37.27] ကြင်သူဝေးတဲ့ရက်တွေမှာ

[03:39.66] ဘာတွေလုပ်ရမှန်းမသိလည်း

[03:42.58] ယုံကြည်စိတ်ချ မျက်ကန်းအလား

[03:44.96] ကိုယ်လေ တစ္ဆေကိုတောင်မှ

[03:46.57] မကြောက်တတ်တော့ပြီပေါ့

[03:50.28] လူရယ် ကံရယ် ညဏ်ရယ်

[03:51.87] လောကသဘောအလယ် ဝီရီယအားငယ်

[05:06.79] ဟိုနားကသီချင်းစသင့်တဲ့နေရာ

[05:11.57] ဒီနားကအချစ်စသင့်တဲ့နေရာ

[05:17.17] ဘယ်အနားမှာ သူ့အထာနဲ့သူ့တာ

[05:22.48] ဝေဒနာဆင်းရဲခြင်းဝေဒနာ

[05:30.45] ရင်ထဲကတောင့်တရာ

[05:32.83] နှစ်ယောက်ကမ္ဘာဆိတ်သုဉ်းလို့

[05:36.82] ခေါင်းလောင်းသံပျောက်ပြီ

[05:40.81] ကြည်နူးစွာတွဲတဲ့လက်များလည်း

[05:46.14] ပြိုင်တူနှုတ်ဆက်ရင်း ပြိုင်တူ

[05:54.11] ဖော်ကွာဝေးတဲ့စိတ္တဇည

[05:56.49] ကိုယ်လေတစ်ယောက်တည်းဖြတ်သန်းရင်း

[05:58.89] ရင်မှာတစ်ယောက်တော့ပျောက်ဆုံးခြင်း

[06:01.54] တကယ်မရှိပါ

[06:03.93] အမြဲတမ်းမှတ်ထင်နေ

[06:07.12] ဆဌမနဲ့ထာဝရ ကိုယ့်ရဲ့အချစ်အစဉ်အလာ

[06:12.18] ဗီဇသဘောကသိပ်ကွာတော့

[06:14.82] ကိုယ်နဲ့တစ်လှမ်းချင်းလိုက်မဲ့အစား

[06:17.75] ပျံနိုင်စွမ်းပဲ အားကိုးပါ

[06:20.41] လိုရာကိုသာ ညွှန်ကာပြလိုက်ပြီလေ

[06:25.45] ဟိုမှာပျော်ပါရွှင်ပါ

[06:27.31] အတိတ်ဇာတ်ကြောင်းများ အိပ်မက်ဟောင်းသာ