Lrc Player

05.Mya Thidar A Kyo Htauk Pay Me

Unknown artist
[06:25.54]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:10.01] ညှင်းညှင်းညံ့ညံ့

[00:15.93] ခင်းပြန့်သဲမြေ တငြိမ့်ငြိမ့်ရစ်ဆင်း

[00:21.24] တို့ချစ်ခြင်းနဲ့အပြိုင်ပေ

[00:25.40] ဂနိုင်ခြေမှစတဲ့ စိမ့်စမ်းရေ

[00:34.71] ညှင်းညှင်းညံ့ညံ့

[00:39.22] ခင်းပြန့်သဲမြေ တငြိမ့်ငြိမ့်ရစ်ဆင်း

[00:44.16] တို့ချစ်ခြင်းနဲ့အပြိုင်ပေ

[00:47.88] ဂနိုင်ခြေမှစတဲ့ စိမ့်စမ်းရေ

[00:57.46] တနေ့ဆို ကိုယ်ရောက်လာမလားရယ်လို့

[01:02.43] အကြိုထောက်ပါလား မြစမ်းရေ

[01:08.17] နှုတ်ခမ်းလေးတဖွဖွနဲ့

[01:11.00] သူကပန်ကြားနေ

[01:13.91] မှန်သားမမြင် ပါးပြင်မခြယ်

[01:20.28] မင်ရည်ငယ်မလဲ့

[01:22.57] ဪ ထုံးနှောင်မဲ့ ဆံကေ

[01:27.36] ခွေလျော့ ပြေလျော့လို့နေပါစေ

[01:32.31] မျှော်ရသူပူပုံပန်း

[01:34.97] မြင်စမ်းပါလှည့် ညိုနွဲ့သူ့ဟန်တွေ

[01:49.07] တနေ့ဆို ကိုယ်ရောက်လာမလားရယ်လို့

[01:53.49] အကြိုထောက်ပါလား မြစမ်းရေ

[01:59.34] နှုတ်ခမ်းလေးတဖွဖွနဲ့

[02:01.74] သူကပန်ကြားနေ

[02:04.92] မှန်သားမမြင် ပါးပြင်မခြယ်

[02:11.40] မင်ရည်ငယ်မလဲ့

[02:13.77] ဪ ထုံးနှောင်မဲ့ ဆံကေ

[02:17.94] ခွေလျော့ ပြေလျော့လို့နေပါစေ

[02:22.72] မျှော်ရသူပူပုံပန်း

[02:25.85] မြင်စမ်းပါလှည့် ညိုနွဲ့သူ့ဟန်တွေ

[02:35.66] ပုန်းညက်ညို ပင်နံဘေးမှာ

[02:41.42] ကြုံ့ကြုံ့ကွေး ပုံ့ပုံ့ကလေးမှေးပျော်နေ

[02:49.56] လက်ဖျားမှာ ဪ စမ်းရေပေါက်တွေနဲ့

[02:54.86] ကျီစယ်ကာတောက်ကစားမှ

[02:57.79] သောက်ရှုးကြယ်အတင့်သား

[03:00.34] စွင့်ကားလို့ လာပြီလေ

[03:37.76] ပုန်းညက်ညို ပင်နံဘေးမှာ

[03:43.08] ကြုံ့ကြုံ့ကွေး ပုံ့ပုံ့ကလေးမှေးပျော်နေ

[03:51.57] လက်ဖျားမှာ သြော် စမ်းရေပေါက်တွေနဲ့

[03:56.80] ကျီစယ်ကာတောက်ကစားမှ

[03:59.98] သောက်ရှုးကြယ်အတင့်သား

[04:02.64] စွင့်ကားလို့ လာပြီလေ

[04:13.28] ဆိုစကားဗလုံးဗထွေးနဲ့

[04:16.11] ကိုယ့်ရင်ခွင်ပြေးဝင်မှီလို့လေ

[04:20.01] ရီမလို ငိုလေမလား

[04:25.04] နှုတ်ခမ်းပါးက စူကာ နေ

[04:30.62] သူတော့လေ ဪ နေနိုင်အားတယ်လို့

[04:35.94] မျက်ထားတော် ညိုညိုနဲ့

[04:38.87] ကြိုမယ့်ဟန်တွေ

[04:42.09] အတွေးဝင်ကာ မြင်လာမိပြန်ပေ

[04:55.25] ဪ ရည်ရော်ကာရောက်လာနိုး

[05:00.05] မျှော်ကိုးကာ တွက်စစ်နေ

[05:03.50] လက်ဆစ်တွေ ပန်းရှာရော့

[05:09.28] သိသားပေါ့ အချစ်ရေ

[05:14.50] မေတ္တာကိုတည်ဆောက်လို့

[05:17.42] လျှောက်ကြမယ့် ခရီးမြေ

[05:20.53] နှစ်ယောက်သား ဖဝါးညီ

[05:23.08] ချချီယုံနဲ့ မပြီးပေ

[05:28.83] သာယာဖြောင့်ဖြူး

[05:31.22] ညှောင့်ဆူးလည်းကင်းကာနေ

[05:34.66] ဆုံးတစ်သက်တိုင် ပြုံးခက်လှိုင်ပါစေ

[05:43.77] လူနေမှုစနစ်သစ် တို့ချစ်ခြင်းနဲ့အပြိုင်ပေ

[05:49.88] ကြံ့ခိုင်လေမှ ဘဝအဆင်ပြေ

[05:55.79] ဒီအခြေဒီစနစ် ထွန်းသစ်ရမယ်လေ

[06:01.64] ကိုယ်တို့မျှဝေ တာဝန်ကျေ

[06:04.55] မေတ္တာမြေခရီးလမ်းမှာလေ

[06:07.65] သာယာဖြောင့်တန်းအောင်

[06:10.31] စောင့်စမ်းပါလားအချစ်ရေ