02.Yay Kyi Htal ka La Yate
[00:14.31] ကိုယ့်အဖို့တော့ မင်းကလေးဟာလေ
[00:18.20] ရေထဲက လရိပ်လိုပါဘဲ
[00:23.03] မင်းအတွက်တော့
[00:24.79] အော် ကိုယ့်လိုလူ လိုက်ဖမ်းတဲ့
[00:27.98] အရူးတစ်ယောက်သာ ဖြစ်မယ်
[00:31.71] တောင့်တခြင်းသာ ပေးတဲ့သူရယ်
[00:36.23] ပြည့်ဝခြင်းကို မပေးတတ်သူရယ်
[00:40.50] ကြာရင် မျှော်သူသာ မောလိမ့်မယ်
[00:43.60] မရမှန်းသိလေ ပိုလိုချင်မိလေ
[00:49.37] ရွှေမျက်နှာ ရယ်ကာမောကာ
[00:53.53] ကျီစယ်တာလား အချစ်ရယ်
[01:05.13] ကြည့်တုန်းတော့ ရှင်းလင်း ထင်ရှား
[01:09.64] တို့လိုက်တော့ ပျောက်သွားပြန်ပြီကွယ်
[01:13.88] လက်ရုပ်တော့ ခဏအတွင်း ပေါ်လာ
[01:18.14] အသိခက်တဲ့ မင်းအလှရဲ့ အဓိပ္ပါယ်
[01:22.65] စွဲလမ်းခြင်းသာ ပေးတဲ့သူရယ်
[01:27.17] လိုက်လျောခြင်း တစ်ခါမှ မရှိသူရယ်
[01:31.42] ကြာရင် မျှော်သူသာ ပန်းလိမ့်မယ်
[01:34.61] မရမှန်းသိလေ ပိုလိုချင်မိလေ
[01:39.91] ရွှေမျက်နှာ သာတစ်ခါ မဲ့တစ်လှည့်
[01:44.45] စိမ်ခေါ်တာလား အချစ်ရယ်
[02:13.93] လိုက်တုန်းတော့ ပြေးလိုက်ပြန်ရော
[02:18.18] မိလုလု အခေါက်ပေါင်း မရေနိုင်တယ်
[02:22.96] ရပ်လိုက်တော့ လက်ယပ်ခေါ်သလို
[02:26.95] ကိုယ့်စိတ်ဘဲ လှည့်စားနေသလားကွယ်
[02:31.73] ရောင့်ရဲခြင်းနဲ့ ဖြေလို့ရပေမဲ့
[02:36.24] အားရခြင်း အရသာလေး မြည်းချင်တယ်
[02:40.49] ရေကြည်ထဲက လရိပ်ကလေးရယ်
[02:43.59] မရမှန်းသိလေ ပိုလိုချင်မိလေ
[02:49.34] ဒီဘဝမှာ မြင်သာ မြင်ရ
[02:53.60] ကြင်တော့ မကြင်ရဘူးကွယ်
