Lrc Player

15.A Phay Pyan Youk Tae A Khar Pyan Nhoe Par

Unknown artist
[04:07.25]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:17.45] ဒီနေ့တနင်္ဂနွေနေ့

[00:20.65] ကျွန်တော့ကိုးနှစ်မြောက်မွေးနေ့ဆိုပဲ

[00:23.83] ကျွန်တော့ကိုရည်စူးကာ

[00:25.42] အဖေလေဘုရားရှင်ထံတော်ရှေ့

[00:29.68] မကြာခင်မှာ ရောဂါပျောက်ပြီး

[00:31.80] ကျန်းမာလာအောင်သက်စေ့လှူကာရယ်

[00:36.30] ဆုတောင်းပန်ချွေမယ်

[00:40.56] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်

[00:44.81] ကျွန်တော်ဆော့ဖို့ဖေဖေကစားစရာ

[00:47.20] အရုပ်ကလေးတွေ ဝယ်ခဲ့မယ်

[00:51.45] ဇီးကွက်ရုပ်ဆိုလာဘ်ရှိသတဲ့

[00:54.11] ခေါင်းရင်းနားမှာ ထားဖို့တဲ့

[00:56.77] ကျွန်တော်ကတော့ သိပ်မယုံဘူး

[01:00.22] ဖေဖေကတော့

[01:01.28] ရှေးအဘိုးကြီး မဟုတ်လား

[01:23.62] အမေရှိတုန်းကဆိုရင်ကျွန်တော်တို့ဘဝ

[01:27.35] ဒါလောက်မကျပ်တည်းပါဘူး

[01:30.00] စားစရာကအစ

[01:31.59] ဝတ်စရာထိအလုံးစုံမပူပင်ရ

[01:35.85] အမေသေတဲ့နောက်မှာ

[01:37.45] အဆင်မပြေမှုတွေဆက်ပြီး

[01:40.09] အဖေ့လုပ်စာတစ်ခုတည်း

[01:42.75] ဝမ်းဝရုံလောက်ပဲ

[01:46.73] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်

[01:51.25] ကျွန်တော်ဖျားမှ

[01:52.32] ဖေဖေသိပ်နောင်တရသွားတယ်တဲ့

[01:57.65] ဟိုတုန်းကဆို အရက်သမားတဲ့

[02:00.04] လခထုတ်တိုင်း ဖဲရိုက်သတဲ့

[02:03.52] ကျွန်တော့အဖျားလေးမပျောက်ချင်နေ

[02:06.18] အဖေပြန်မမိုက်ရင်ဖျားရကျိုးနပ်ပါတယ်

[02:29.84] ဟိုလမ်းမဘက်ကိုလေဆရာမရေ

[02:33.55] တစ်ဆိတ်လောက်ကြည့်ပေးပါဦး

[02:36.24] ခုချိန်ဆိုရောက်တောင်နေပြီလားလေ

[02:39.95] မဆိုတတ်ဘူး

[02:41.81] တခါတလေလည်းဧည့်ချိန်ကျော်ရင်

[02:44.73] ကျွန်တော့ဖေဖေက

[02:46.07] စည်းကမ်းရိုသေတော့

[02:48.72] ဖွင့်ခိုင်းရဲမှာ မဟုတ်ဘူး

[02:53.24] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်

[02:57.49] ကျွန်တော်ခုတောင်ရင်မှာ

[02:59.08] အသက်ရှုနည်းနည်းကျပ်လာလို့

[03:04.13] ဟိုတုန်းကဆရာမပေးတဲ့

[03:06.79] အမောပန်းပျောက်တဲ့ဆေးပြားလေး

[03:10.24] ကျွန်တော်သောက်ပြီးမှေးနေမယ်

[03:12.89] အဖေအပြင်ထွက်ရင်

[03:14.22] အမြဲပဲသိပ်ကြာတယ်

[03:19.00] အဖေရောက်တဲ့အခါပြန်နိုးပါတယ်

[03:23.24] ခုများတော့ မျှော်လင့်ရင်းနဲ့

[03:25.91] အိပ်စက်အနားယူခဲ့ပြီ

[03:29.37] နှုတ်ဆက်ခွင့်လေးရမသွားလို့

[03:32.01] ဘဝကူးစိတ်မှ ဖြောင့်မလားလို့

[03:35.74] ဆရာမလေးတွေးကာပူ

[03:38.65] နေရာချင်းခဏလဲပေးလိုက်ချင်တယ်

[03:44.24] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်

[03:50.35] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်

[03:56.19] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်

[04:02.03] အဖေရောက်တဲ့အခါ ပြန်နိုးပါနော်