Lrc Player

16.Myel Nay Thay Tae Let Twel Ta Khu

Unknown artist
[05:59.63]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:18.00] သူများနဲ့နည်းတူ

[00:20.66] ရေခပ်ထွက်ခဲ့တယ်

[00:23.32] နှစ်ယောက်ပေါင်းမှ

[00:25.44] မပြည့်တဲ့အိုးရယ်

[00:30.49] မလေးပေမယ့်လည်း

[00:33.41] ကိုယ့်အားထက်မစွမ်းရုံတမယ်

[00:42.18] မပြည့်သောအိုးလေးနဲ့

[00:45.10] ရေခပ်ထွက်ခဲ့တယ်

[00:48.02] အထမ်းမရှိလို့ခေါင်းနဲ့ရွက်မယ်

[00:54.93] မဝေးပေမယ့်လည်း

[00:57.32] ခလုတ်ကန်သင်းနဲ့လမ်းပါပဲ

[01:07.15] ရေမစင်ဘဲ အိုးမကွဲလာပေမယ့်

[01:12.72] ဘောင်ဘင်တော့ရိုက်ခဲ့ပါတယ်

[01:18.04] ရေတွေမဖိတ်လည်း မျက်ရည်ဝဲ

[01:22.02] ခြေချော်တာရှိခဲ့ပေမယ့်လည်း

[01:28.39] ပြန်ဟန်အောင် ထိန်းသိမ်းကာရယ်

[01:32.92] အဆင်မပြေမှုတွေကျော်ခဲ့တယ်

[01:36.91] တနေ့နေ့တော့ကွဲမှာပါပဲဆိုကြတယ်

[01:43.30] ကဲ့ရဲ့ဖို့စောင်နေသူတွေရဲ့ကြားထဲ

[01:49.40] ခုထက်ထိမြဲလာနိုင်တဲ့လက်တွဲရယ်

[01:55.25] ခရီးအဆုံးမရောက်သေးပေမယ့်လဲ

[01:58.16] ကျေနပ်တယ်

[01:59.74] မြဲနေသေးတဲ့ လက်တွဲတခု

[02:13.02] သူများနဲ့နည်းတူ

[02:15.69] အမှောင်ထဲလျှောက်ခဲ့တယ်

[02:18.61] နှစ်ယောက်ပေါင်းမှ

[02:20.47] ဖယောင်းတတိုင်တည်းရယ်

[02:25.25] လင်းပေမယ့်လည်း

[02:28.44] ကြည့်လို့ရလောက်ရုံပဲ

[02:36.93] တတိုင်သောမီးကလေးနဲ့

[02:39.33] အမှောင်ထဲ လျှောက်ခဲ့တယ်

[02:42.78] အဖုံးမရှိလို့ လက်ကာမိုးမယ်

[02:48.89] မကြမ်းပေမယ့်လည်း

[02:52.35] အတက်အဆင်းနဲ့လမ်းပါပဲ

[03:01.92] အူမကုန်ပဲ မီးမငြိမ်းလာပေမယ့်

[03:07.77] ဟိုဒီတော့ယိမ်းခဲ့ပါတယ်

[03:13.36] မှိန်တချက်လင်းတချက်နှလုံးခုန်ခဲ့

[03:16.81] လေထန်တွေ တိုက်ခဲ့ပေမယ့်လည်း

[03:22.91] ပြန်ငြိမ်အောင်ထိန်းသိမ်းကာရယ်

[03:27.73] အဆင်မပြေမှုတွေကျော်ခဲ့တယ်

[03:31.44] တနေ့နေ့တော့ကွဲမှာပါပဲဆိုကြတယ်

[03:37.82] လက်ညိုးထိုးသိပ်လွယ်သူတွေရဲ့ကြားထဲ

[03:43.67] ခုထက်ထိမြဲလာနိုင်တဲ့ လက်တွဲရယ်

[03:49.77] ထုတ်ပြောဖို့စောပေမယ့်လည်းပျော်မိတယ်

[04:07.58] သူများရဲ့နည်းတူအခေါ်နောက်လိုက်ခဲ့တယ်

[04:12.90] နှစ်ယောက်ပေါင်းမှအချစ်တခုတည်းရယ်

[04:19.81] မကြောက်ပေမယ့်လည်း

[04:23.00] နည်းနည်းတော့ အားငယ်တယ်

[04:31.78] တခုသောအချစ်ကလေးနဲ့

[04:34.17] အခေါ်နောက်လိုက်ခဲ့တယ်

[04:37.09] တခြားမရှိလို့ နားလည်ပါ့မယ်

[04:44.26] ဟောင်းပေမယ့်လည်း

[04:46.65] မရိုးသေးတဲ့လမ်းပါပဲ

[04:56.22] အိမ်မပြိုပဲအချစ်မပျက်လာပေမယ့်

[05:02.33] မကြာမကြာတော့တကျက်ကျက်ပါပဲ

[05:07.38] ရယ်တခါမဲ့တလှည့်ဘဝစုံခဲ့

[05:11.63] မတူတာတွေရှိခဲ့ပေမယ့်လည်း

[05:16.94] အရာရာကိုညှိနှိုင်းကာရယ်

[05:21.98] အဆင်မပြေမှုတွေကျော်ခဲ့တယ်

[05:26.24] တနေ့နေ့တော့ကွဲမှာပါပဲဆိုကြတယ်

[05:32.33] လဲအကျဖိထောင်းချင်သူတွေရဲ့ကြားထဲ

[05:38.45] ခုထက်ထိမြဲလာနိုင်တဲ့လက်တွဲရယ်

[05:44.30] ခေါင်းမော့ပြီးမကြွားချင်ပေမယ့်

[05:47.21] ကြည်နူးတယ်