Lrc Player

12. Shar Pone Taw

Unknown artist
[06:33.95]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:32.56] ထစ်မိုးချုပ်တိုင်းလေ ခေါင်မိုးသစ်အောက်မှာ

[00:37.08] ရောက်လေ့ရှိခဲ့သူ အဖို့ရာ

[00:42.92] အခန်းစံဘဝဟာ အကျဉ်းထောင်လိုဖြစ်နေမလား

[00:53.04] တစ်မိုးလင်းတိုင်းလေ နောက်လမ်းသစ်တစ်ခုပေါ်

[00:57.82] လျှောက်လေ့ရှိခဲ့သူအဖို့ရာ

[01:04.45] အနားယူ စရာ စိတ်ကုန်စရာ ဖြစ်နေမလား

[01:14.56] ရေကြည်ရာ မြက်နုရာဆိုတာ ဘယ်ခါမှမရှိခဲ့ပါဘူး

[01:22.78] အိပ်မက်ကောင်းတိုင်း ပြောတဲ့စကား

[01:27.57] တောင်တွေသာ အထပ်ထပ်ကျော်လာ

[01:32.36] ဘယ်နေရာမှ စိတ်ကြိုက်မတွေ့ဘူးတကယ်

[01:37.40] ခြေချဖို့ မဝံ့ရဲပါ

[01:44.06] လွတ်လပ်မှုဆုံးမှာကို

[01:45.91] အကြောက်လွန်လွန်းသူ လွတ်လပ်မှု

[01:49.37] အသစ်ဟာဘာလဲ တကယ်မသိသူ

[01:53.09] ဆုံးဖြတ်ချက်ချရာမှာ စိတ်မပြတ်သားသူ

[01:57.35] လွတ်လပ်မှုရှိနေသလိုနဲ့

[01:59.48] တကယ်မရှိဘူး ပန်းရဲ့နောက်သာ

[02:17.24] ကိုယ်လိုက်မိခဲ့ရင် နမ်းလို့ဝလောက်ပြီ အချစ်ရာ

[02:25.48] ရနံ့ရဲ့နောက်ကို လိုက်မိလို့ မှားတာလား

[02:34.51] လက်နဲ့ပြီးတာ ကိုယ်လုပ်မိခဲ့ရင်

[02:39.30] အဆုံးထိရောက်လောက်ပြီအချစ်ရာ

[02:45.67] စိတ်နဲ့ပြီးတာ ရွေးမိလို့မှားတာလား

[02:55.24] ငယ်ရွယ်ချိန် အားတင်းနိုင်ချိန်မှာ

[02:59.48] တော်ရာမှာ မွေ့ခဲ့လေသူ

[03:03.99] မပျော်ပေမယ့်လည်း တင်းတိမ်ခဲ့

[03:08.24] အနယ်ထိုင်ချိန် ခေါင်းချချင်ချိန်မှာ

[03:12.77] အတွယ်အတာတွေ ထားမိလေသူ

[03:17.54] ရင်ခွင်သစ်မှာ မခိုဝံ့ပါ

[03:24.15] အကောင်းဆုံးတစ်ခုမှ မဟုတ်မှာကို အစိုးရိမ်ကြီးသူ

[03:28.66] အကောင်းဆုံးရဲ့ သဘောဟာ ဘာလဲ

[03:30.79] တကယ်မသိဘူး

[03:33.18] အားလုံးနဲ့သက်ဆိုင်တောင် ခြွင်းချက်မထားသူ

[03:37.69] တစ်ခုတည်းနဲ့တွေ့လာတော့ ပိုမလွယ်ခဲ့ဘူး

[03:45.40] လား လား လား အစမရှိတဲ့ အဆုံးမရှိတဲ့

[03:48.58] သီချင်းတစ်ပုဒ်ကို ရေးမိသူ လား လားလား

[03:57.62] အစရှိရက်နဲ့ အဆုံးရှိရက်နဲ့

[03:59.76] လူ့ဘဝဟာ မပြီးသေးဘူး

[04:34.91] တွေ့ထိသမျှကို ဘာလဲမမေးခဲ့ရင်

[04:38.89] ရှုပ်ထွေးမှု ကင်းနိုင်လောက်ပြီ

[04:43.94] သိအောင်လုပ်မှ မသိခြင်းက

[04:49.52] များပါဘိ ဖြစ်ပျက်သမျှကို

[04:56.16] ဒီအတိုင်းထားတတ်ရင်

[04:58.55] ငြိမ်းချမ်းမှု ရနိုင်လောက်ပြီ

[05:04.66] အတွေးသံသယတွေ ထားမိလို့ခက်ပါဘိ

[05:14.49] ပညာဟာ စူးစမ်းရုံပါလား

[05:18.48] ပညာဟာ လိုက်စားသူအဖို့ အဖြေကိုမပေးပါ

[05:24.61] အမေးသာရ ပါရမီဟာ ဖြည့်ဆည်းရုံပါလား

[05:31.76] ပါရမီဟာ မပြည့်သေးသူအဖို့

[05:36.29] အယူသာရှိမှာ ပြန်မပေးပါ

[05:42.66] လူ့ဘဝတစ်ခုရလာရုံနဲ့မရောင့်ရဲသူ

[05:46.91] လောကအကြောင်း နားလည်နိုင်အောင်ရှာခဲ့သူ

[05:51.43] လူ့ဘဝရဲ့ အဓိပ္ပာယ်ဘာလဲ မဆိုထားနဲ့

[05:55.94] ကိုယ့်စိတ်တစ်ခု နားလည်အောင်တောင်တကယ်မစွမ်းဘူး

[06:02.85] လား လား လား အစမရှိတဲ့ အဆုံးမရှိတဲ့

[06:06.29] သီချင်းတစ်ပုဒ်ကို ရေးမိသူ လား လားလား

[06:15.33] အစရှိရက်နဲ့ အဆုံးရှိရက်နဲ့

[06:17.46] လူ့ဘဝဟာ မပြီးသေးဘူး