Lrc Player

05 Myittar Yay Sone Myaw Khae Tal

Unknown artist
[03:31.62]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:21.06] ငုံချိန်ကိုမီခဲ့သလို

[00:22.39] ကြွေချိန်ကိုမီခဲ့ပြီ

[00:24.79] အိုဘယ့်မနှင်းဆီရယ်

[00:29.56] အရောင်ပြယ်ပြီးရနံ့လေး

[00:31.69] ကွယ်ကာပျောက်သွားလည်း

[00:34.08] ဆူးဒဏ်က နာကောင်းတုန်းပဲ

[00:39.39] ရင်မှာ ပေါက်ဖွားစ

[00:40.98] မလည်မဝယ်အချစ်ကလေးနဲ့

[00:43.64] ဘ၀ဒုက္ခမမြင့်တမြင့်အရွယ်

[00:48.69] လာချင်ရင်လွယ်ပြီး ပြန်ချင်တော့ခက်တဲ့

[00:53.73] မေတ္တာရေစုန်မျောခဲ့တယ်

[01:00.91] ဘယ်သူတွေဘာပြောပြော

[01:03.03] ကိုယ်ထင်တာကိုယ်လုပ်မယ်

[01:05.43] အိုဘယ့်မနှင်းဆီရယ်

[01:10.46] နင်ကပဲလှသလား ငါကပဲအသလား

[01:15.24] အခုတိုင်အောင် အဖြေမသိသေးတယ်

[01:20.03] ရင်မှာလေ ဟုန်းကနဲ

[01:22.41] အရှိန်အဟုန်နဲ့တောက်တဲ့

[01:24.56] ကောက်ရိုးမီးချစ်သူနဲ့

[01:29.60] ပျော်ရင်အရယ်လွယ်ပြီး

[01:31.98] ငိုရင်အရှိုက်ခက်တဲ့

[01:34.11] မေတ္တာရေစုန်မျောခဲ့တယ်

[01:58.68] တခါတလေကိုယ်အသာရဖို့

[02:00.80] ဘယ်နှစ်ခါအနာခံရမလဲ

[02:03.19] အိုဘယ့်မနှင်းဆီရယ်

[02:08.24] နွေနေ့ခင်းလမင်း

[02:10.90] သာနိုင်တဲ့အချင်းအရာ

[02:13.02] မချစ်ရင်ညာလို့မရဘူးကွယ်

[02:18.06] မကြုံလို့မသိသေးတဲ့

[02:20.39] မမြင်လို့မကြောက်တတ်တဲ့

[02:23.32] မျက်ကန်းတဲ့ အချစ်တစ္ဆေနှယ်

[02:27.59] ယူချိန်မှာလွယ်ပြီး

[02:29.99] လျော်ချိန်ကျခက်တယ်

[02:32.10] မေတ္တာရေစုန်မျောခဲ့တယ်

[02:37.42] လာချင်ရင်လွယ်ပြီး ပြန်ချင်တော့ခက်တယ်

[02:42.20] မေတ္တာရေစုန်မျောခဲ့တယ်