Lrc Player

13.Ou Pyikhar Law Ka Thar

Unknown artist
[05:55.40]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:21.70] အခန်းထောင့်ကစားပွဲပေါ် တင်ထားတဲ့

[00:26.92] ဆုတံဆိပ်တွေ ဖုန်တက်တော့

[00:31.17] အောင်မြင်မှုရယ် မနေ့ကကျန်ခဲ့ပြီ

[00:43.65] အသစ်လုပ်ဖို့ အားအင် ကုန်ခမ်း

[00:49.14] အဟောင်းတွေးပြီး မွေ့လျော်

[00:53.30] ပျော်ရွှင်ခြင်းရယ်မလတ်ဆတ်နိုင်တော့ပြီ

[01:05.81] သွားတွေကျိုး ပါးတွေတွန့်

[01:16.33] ခါးတွေကုန်းလို့မြေနမ်းလု

[01:22.88] လူ့ဘဝကြီးရဲ့အရသာခါးသီးလှတော့

[01:25.53] အရက်ဖြူနှစ်ပက်နဲ့ရောပြီး

[01:26.86] ဇွတ်မျိုချရ နတ်ပြည်နဲ့ငရဲကြား

[01:29.51] တစ်ယောက်သောကိုယ့်မှာ

[01:34.21] ဥပေက္ခာလောက ဥပေက္ခာလောက

[01:39.79] ဥပေက္ခာလောက သား

[02:05.22] အလှကြည့်မှန်ရှေ့မှာ ထိုင်မိရင်

[02:10.53] ရုပ်အလှက မကျသေးလည်း

[02:15.04] ပျိုမြစ်ခြင်းမာန် မျက်လုံးမှာမရှိပြီ

[02:27.19] အဟောင်းအတွက်လည်း

[02:29.05] လှည့်ပြီးမကြည်နူးနိုင်

[02:33.03] အသစ်အတွက်လည်းမကြေကွဲသာ

[02:37.28] ရှင်သန်ခြင်းရယ် သိပ်အဓိပ္ပါယ်မရှိ

[02:49.76] သွားစရာအပြည့် နားစရာအထိ

[03:00.31] တစ်သက်တာအထိတော့ မဖူလုံပါ

[03:06.31] လူ့ဘဝကြီးရဲ့အရသာခါးသီးလှတော့

[03:09.24] အရက်ဖြူနှစ်ပက်နဲ့ရောပြီး

[03:10.56] ဇွတ်မျိုချရ နတ်ပြည်နဲ့ငရဲကြား

[03:13.48] တစ်ယောက်သောပြည့်တန်ဆာမ

[03:18.27] ဥပေက္ခာလောက ဥပေက္ခာလောက

[03:23.58] ဥပေက္ခာလောက သား

[03:49.25] ကက်ဆက်ကဖွင့်တဲ့ကိုယ့်သီချင်းတွေ

[03:54.47] ကြားမိတိုင်းရှက်တယ်

[03:58.63] အမှန်တရားရယ်အတွေးထဲကျန်ခဲ့ပြီ

[04:11.65] စီးပွားရေး အများလိုမောင်လည်း

[04:16.86] ဘာကြောင့်မို့မလုပ်လဲ

[04:21.02] အိမ်သူအမေးရယ်ခုထိအဖြေမသိ

[04:33.50] ကိုယ့်ဘာသာ ကိုယ့်အပူရှာ

[04:44.17] သိချင်လွန်းတဲ့ ဉာဥ်ကျိန်စာ

[04:50.45] လူ့ဘဝကြီးရဲ့အရသာခါးသီးလှတော့

[04:53.04] အရက်ဖြူနှစ်ပက်နဲ့ရောပြီး

[04:54.36] ဇွတ်မျိုချရ နတ်ပြည်နဲ့ငရဲကြား

[04:57.29] တစ်ယောက်သောတေးကဗျာဆရာ

[05:01.80] ဥပေက္ခာလောက ဥပေက္ခာလောက

[05:07.37] ဥပေက္ခာလောက သား