11.A Myar Kyi Shi Khae Pyi
[00:26.21] တားမြစ်ပိတ်ပင်ထားတဲ့အသီး
[00:31.00] ရဲဝံစွန့်လို့ခိုးစားတဲ့ အခါတုန်းက
[00:36.84] ခွဲခြားမရတဲ့ မင်းချဥ်ခြင်း
[00:41.36] ရှိစုမဲ့စုထုတ်ကျွေးတဲ့
[00:44.01] အချိန်တုန်းက
[00:47.20] မိုးရွာတဲ့ညတည
[00:49.32] မမှတ်မိဘူးလို့များ
[00:51.71] အချစ်တဖြစ်ပြောင်း မင်း
[00:53.58] ငြင်းနိုင်မလား
[00:57.02] ဘဝဟာတို့အတွက်
[00:58.08] မပြည့်စုံဘူးလို့ မညည်းပါနဲ့
[01:02.61] ရွှေပေးလို့မရတဲ့
[01:04.20] အတွေ့အကြုံတွေ
[01:07.38] ငွေပေးလို့မရတဲ့
[01:08.71] အခိုက်အတန့်တွေ
[01:10.58] တို့မှာအများကြီးရှိခဲ့ပြီ အို
[01:14.56] အများကြီးရှိခဲ့ပြီ
[01:32.62] ရထားမရပ်ပေးတဲ့ ကြားဘူတာ
[01:37.40] မျက်စိမှိတ်ပြီး
[01:38.73] နှစ်ယောက်သားခုန်ချတုန်းက
[01:43.24] အသိကင်းမဲ့တဲ့ ဘေးလူတွေ
[01:48.03] ပုဆိုးအသစ်လေးတထည်
[01:49.62] လက်ဖွဲ့တဲ့ ကမ္ဘာအဆုံးက
[01:53.62] အပယ်ခံပြီးချစ်တာ
[01:55.73] မယုံကြည်ဘူးလို့များ
[01:58.38] အချစ်သရေလဲ မင်း
[01:59.98] ငြင်းမှာလား
[02:03.70] တို့ရည်မှန်းချက်
[02:04.76] မပြင်းထန်ဘူးလို့ အပြစ်မဆိုနဲ့
[02:09.28] တစ်ယောက်ကောင်းစားဖို့အရေး
[02:10.87] တစ်ယောက်ကြံရ
[02:14.06] တစ်ယောက်ကြိုးစားခဲ့သမျှ
[02:15.39] တစ်ယောက်အတွက်ပါ
[02:16.71] မဟုတ်လား
[02:18.57] အများကြီးချစ်ခဲ့ပြီ အို
[02:20.44] အများကြီးချစ်ခဲ့ပြီ
[03:01.87] ဆုတောင်းမကောင်းတဲ့
[03:03.19] ဟောဒီကမ္ဘာ
[03:06.38] အကောင်းဆုံးကတော့
[03:07.98] မင်းနဲ့ကိုယ် တွေ့ခြင်းပါ
[03:12.23] ရုပ်ဆိုးလှတဲ့
[03:13.82] ဟောဒီဘဝ
[03:16.75] အလှဆုံးကတော့
[03:18.33] မင်းနဲ့ကိုယ် ချစ်ခြင်းပါ
[03:22.32] ငယ်ကချစ်အနှစ်တရာ
[03:24.72] ရင်မှာစွဲအမြဲသာ
[03:26.84] အချစ်ရုပ်ကြွင်း မင်း
[03:28.16] ငြင်းလေမလား
[03:31.89] အမိန့်တော်မြတ်အတိုင်း
[03:33.22] လိုက်လုပ်ရုံပဲလို့ မခနဲ့ပါနဲ့
[03:37.99] လူတန်းစေ့မစား မဝတ်ရပေမယ့်
[03:42.50] လူတန်းစေ့မကတဲ့ ချစ်ခြင်းတွေ
[03:45.43] တို့မှာအများကြီးရှိခဲ့ပြီ အို
[03:48.35] အများကြီးရှိခဲ့ပြီ
