01.Ar Yone Oo A Hla Nway Pan Chi
[00:12.12] အရုဏ်ဦး နံနက်ခင်းမိုးမသောက်မီ
[00:16.91] ဟိုအရှေ့ပြင် ကောင်းကင်တစ်ခုသည်
[00:21.43] ရွှေလိမ္မော်ခင်းဖြန့်ကျင်းလွှမ်းတိမ်ကတ္တီ
[00:26.48] ဝါလဲ့ရွှေရည်တိမ်အခြေသည်
[00:33.39] နဒီဘောင်ကမ်းတို့လို့ဖြောင့်တန်း တန်းသွယ်ညီ
[00:40.57] မှိန်ပြေပြေရီ အနီခေါင်ရမ်းညိုညို
[00:45.34] အရောင်လျှမ်းဆန်းကျယ်သည်
[00:50.67] အမှောင်သန်း မြောင်တန်းစွယ်နှင့်
[00:55.71] ချောင်စခန်း တောဝနာမဟီ
[01:00.23] ဟိုးဖက်မှာတလီ မိုးထက်ဝဠာဆီ
[01:05.02] ပြိုးပြက်ကာ ကျင်းသနဲ့ လင်းတလှဲ့ မှိန်တလှဲ့
[01:12.73] ကြယ်အစုမကြွေမီ တကယ်ရှုလေအတည်
[01:17.51] ဝေရီဝိုးတဝါး အိပ်မက်ထဲ
[01:20.97] ပမာကြုံဖူး ငြိမ်သက်ဆဲအရုဏ်ဦးပန်းချီ
[01:34.52] ဟောကြည့်ရင်း ကြည့်ရင်းပင်မကြာမီ
[01:39.30] လောကဓာတ်တစ်ခွင် သက်ဝင်ကာလှုပ်ရှား
[01:44.08] နိုးထလာချေပြီ မြိုင်ယံကိုခွင်း
[01:51.52] အမှောင်အတွင်းမှ ချဉ်းနင်းထိုးဖောက်
[01:56.03] မြောက်စူးစူးအရပ်ဆီ အုပ်စုညီညာ
[02:00.82] ငှက်များစွာတို့သည် ရွှေရောင်ကောင်းကင်ထဲ
[02:07.46] ဝဲ ဝဲကာ ဝဲကာပြန်လေပြီ
[02:22.33] လယ်ကွင်းရိုးပြတ် ကန်သင်းစပ်တွင်
[02:27.65] မတ်မတ်ထောင်လွှား ကိုင်းပင်များသည်
[02:31.92] လေတွင်မြူးကြွ ယိမ်းနွဲ့ကဟန်ချီ
[02:36.97] လေတွင်မြူးကြွ ယိမ်းနွဲ့ကဟန်ချီ
[02:41.76] တအားငေါက်ပြန် နွားခလောက်သံ
[02:47.59] ကမ်းပါး ချောက်ယံ တောင်ယာခွင်ဆီ
[02:51.59] မိုးအတွက်ပျိုးဆက် ထွန်ယက်အရေး
[02:56.62] မြေဆီမြေဆွေး နောက်ချေးကျဲဖို့
[03:01.69] နွားလည်းကလေး တရွေ့ရွေ့ တအီအီ
[03:07.25] ဟိုအဝေးဆီ ရေးရေးမြင်ရသည်
[03:47.66] ကိုင်းနှံပင်များ ဟိုအခြားတစ်ဖက်ဆီ
[03:52.97] ရွာအရှေ့စခန်း မြေညီညီလမ်းဆီ
[03:57.75] တရွေ့ရွေ့နဲ့ချီ လှုပ်လဲ့ လှုပ်လီ
[04:04.67] ဆွမ်းအုပ်နီနီ အမေအိုရွက်ပါလို့
[04:09.45] ထက်ကြပ်အပါးမခွာ နောက်မှာမြေးသူငယ်
[04:14.24] ဟိုမယ်ကြည့်စမ်း ဗြတ်ဆိုင်းထမ်းလို
[04:19.02] ရဟန်းမြတ်သံဃာ ဆွမ်းကပ်ရန်အတည်
[04:23.26] ကျောင်းတော်ဝိဟာဆီ လှမ်းနေပြီ
[04:28.32] ဒါန မွေ့လျော် သူတော်ဓလေ့ထုံးအညီ
[04:32.83] ဒါနမွေ့ ပျော်လက်တွဲခေါ်စို့ရည်
[04:37.87] ပတ္တမြားရည်စွန်း ရောင်နီထွန်းစ
[04:42.12] ဝန်းတက်နေနှင့် ရွှန်းကျက်သရေဆင့်
[04:46.91] ပနံတင့်သည် ကြည်နူးစရာ
[04:51.16] အရုဏ်ဦးရဲ့ မြန်မာ့ဓလေ့ထူးသည်
[04:56.21] အလှနွေဦးပန်းချီ
