Lrc Player

02.Ou

Unknown artist
[02:56.35]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:04.42] ဟိုဘက်ခြံထဲက ကြက်ဖနဲ့

[00:06.28] ကျုပ်ကြက်မနဲ့ ညား

[00:08.67] သူ့တို့ချစ်ခြင်းရဲ့ အချစ်သက်သေ

[00:10.79] အိမ်မှာ ဥတစ်လုံးကျ

[00:13.18] ဟိုဖက်ခြံကကောင် ပုကွကွ

[00:15.31] စကားပြောဘုကျကျ

[00:17.71] ကျုပ်ခြံထဲက ဥကိုလာပြီး မ

[00:22.23] ငါ့ခြံထဲမှ ဥတဲ့ ဥ

[00:24.35] ငါ့ကြက်မရဲ့ ဥ

[00:26.74] အတင်းဝင်ကောက်တဲ့ ဟိုဘက်ကဂျပု

[00:28.87] မလွန်ခင် တူနဲ့ထု

[00:30.99] မင်းကြက်ထီးက မဥတဲ့ဘဝ

[00:33.38] အဲဒါ မင်းကိစ္စ

[00:35.66] မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥဟ

[00:40.18] အဲဒီမှာစ ဝုန်းဒိုင်းကျဲကြ အမျိုးတွေ

[00:45.23] ကလေးတွေ ဂျပုကို ဝင်ပြီးချ

[00:49.49] မုတ်ဆိတ်ကိုဆွဲ ဒူးနှစ်လုံးကြားထဲထည့်

[00:53.74] သူ့ကျောကိုထုတာ လက်တောင်မလည်ဘူးတဲ့

[00:58.26] နှုတ်ခမ်းတွေကွဲကို ခေါင်းလည်းဖု

[01:00.37] အငြိုးထားသွားတဲ့ဂျပု ဥကိုမရတော့

[01:03.56] ကျုပ်ကြက်မ သန်းခေါင်မှာ ဂွနဲထု

[01:07.02] ကြက်မကြီး မာလကီးယားလို့

[01:09.41] သူနွားကြီး မှိန်းနဲ့ထိုး

[01:11.54] သူ့နွား သေသွားလို့

[01:13.13] သူကြီးတိုင်တော့ အကြောင်းဆိုး

[01:16.05] အသက်ခြောက်ဆယ်မှာ ထိပ်တုံးနဲ့ညား

[01:20.84] ဒေါကန်ရတာ ပြောစရာ မရှိဘူးခင်ဗျ

[01:26.40] ဂျပုဖက်က အမျိုး ကျုပ်ဖက်ကအမျိုး

[01:29.61] လမ်းမှာတွေ့ရင် ဦးရာလူက ချ

[01:56.69] နေတတ်ရေတတ်မှာ မွေးတဲ့ ကျုပ်

[01:58.56] စိတ်ထားက ခပ်ပုပ်ပုပ်

[02:00.67] အချုပ်အနှောင်လွတ်တဲ့ နောက်နေ့မနက်

[02:03.07] အိမ်ပြန ်အကြံကြီးထုတ်

[02:05.19] လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက်

[02:07.31] မျက်စေ့ ထဲကမထွက်

[02:09.71] သူ့စပါးကြည်ထဲကို မီးအိမ်သွားပစ်ထည့်

[02:14.76] အဲဒီမှာစ ဝုန်းဒိုင်းကျဲကြ

[02:18.73] အမျိုးတွေ ကလေးတွေ

[02:19.80] လွတ်ရာကိုပြေးကြ

[02:23.52] ဂျပုရဲ့အိမ်ထက် Fire ကမြို

[02:27.76] သိပ်မကြာသေးခင် ကျုပ်အိမ်ပါ လှမ်းကူး

[02:32.29] ကျုပ်တစ်ရွာလုံးက ဝိုင်းငြိမ်းရ

[02:34.40] ကျုပ်ရှို့တဲ့မီး ခင်ဗျ

[02:36.80] ကြက်ဥတလုံးက စတဲ့ အစ

[02:38.94] နှစ်အိမ်တောင် ပြာဖြစ်ကြ

[02:41.31] သင်ခန်းစာရလို့ ပုခုံးထဖက်

[02:43.44] ဂျပုက ရှုံ့မဲ့မဲ့

[02:45.57] နောက်တစ်ခါ ကြက်တွေ

[02:47.16] မဥအောင် လုပ်ထားကွာ