[00:21.00] ရေပြာလှိုင်းကမ်းခြေဆီ
[00:25.24] မြေနီလမ်းကလေးကို ဖြတ်လျှောက်ခဲ့သည်
[00:30.38] နေခြည်ရောင်ဝါ ခြံလွှမ်းသည်
[00:34.72] ပင်လယ်စင်ရော်တွေ ပျံဝဲလျှက်ရှိသည်
[00:39.54] အနောက်ဘက်မိုးတိမ်တွေလည်း မျောလွင့်ကြသည်
[00:44.16] အဝေးကထုံးစေတီလေး ဖူးတွေ့မှန်းရည်
[00:48.86] ဆည်လည်းခတ်သံတွေလည်း သဲ့သဲ့မျှကိုကြားသည်
[00:58.48] ဆံပင်တွေ မျောလွင့်နေသည်
[01:02.61] ဒီရေတိုးတက်သံသဲ့သဲ့ကြားသည်
[01:07.62] ငိုသံလိုလိုထင်မိသည်
[01:12.38] တချိန်ခါဆီကိုမျှော်ရည် အသည်းနှစ်မြစ်နဒီ
[01:16.31] သက္ကရာဇ်နောက်ပြန် အတိပ်သွားရထားကလေးတစင်းသည်
[01:21.13] ရုတ်တရက် ထွက်ခွာ ကာလဟောင်းများသို့ဆီ
[01:24.71] ကမ်းစပ်နံဘေးကရွာကလေး တဲစုစုအိမ်တန်းဆီ
[01:34.25] တူနှစ်ကို မနီးစပ်နိုင်ပြီ
[01:38.87] နှစ်ကိုတူမှန်းတဲ့ အနာဂတ်အချစ်တိုင်းပြည်
[01:44.40] ထူထောင်နိုင်ရန် စွန့်စားမည်
[01:48.09] သူငိုနေစဉ် နေဝင်စချုပ်ညရီ
[01:53.86] နှေးတုန့် လေးတန် ခြေလှမ်းများ စခဲ့သည်
[01:57.97] တရွေ့ရွေ့ ၍ကျန်ရွာကလေးပြပြဝေးသီ
[02:02.28] တနေ့တော့ အချစ်ရွှေလက်တွဲနွှဲ ဖို့ပြန်ခဲ့မည်
[02:08.80] ♪♬♪♬...♪♪♬♪♬♪♪...♬♪♬♪
[02:46.14] ကိန္နရာ ချောင်းခြားလေပြီ
[02:51.47] ကံကြမ္မာတရားက ရှင်ကွဲခွဲရက်သည်
[02:55.33] တိမ်လိုလေလိုလွင့်သွားပြီ
[02:59.86] ရာသီတွေရယ်အလီလီပြောင်းလဲခဲ့သည်
[03:04.06] နှလုံးသားနှုပ်ငုံတော်ဦး ဖူးပွင့်ခဲ့ပြီး
[03:08.83] အဝေးရောက်ချစ်သူ ပြန်အရောက်နောက်ကျခဲ့ပြီ
[03:13.76] အသည်အသက်ထက်လွန် တဆင့်စကား နားနင့်နင့် ရင်စို့ပြီ
[03:22.80] ကြည်လဲ့စိမ်းမြနဒီ
[03:27.41] ရွှေရောင်ငါးကလေးတွေရှိတဲ့အရပ်ဆီ
[03:32.39] ရေမှာကွယ်လွန်သူရှိသည်
[03:37.03] သူရေ့ကိုယ်ပြန်လာတယ် အတိပ်ကနွေတဲ့နေ့ဆီ
[03:41.07] သဲမွမွသောင်ခုံသဲစုစုအရပ်ဆီ
[03:45.74] အဝေးရောက်ချစ်သူပြန်အရောက် နောက်ကျခဲ့ပြီ
[03:50.50] စတေးခဲ့တဲ့ရေပြင်လေး လှိုင်းထလို့ကျန်ခဲ့ပြီ
[03:59.72] မှော်ဆရာကလေးဖြစ်ချင်သည်
[04:04.89] ပုံပြင်ဟောင်းကလေး အသက်သွင်းတော့မည်
[04:09.05] တမလွန့်ရွာသူမြစန်းကြည်
[04:13.87] ဒီရေဒီသွင်ဒီနင် နှလုံးသားအရပ်ဆီ
[04:17.94] အထိမ်းအမှတ် မျက်ရည်မြစ်ကလေးစီးဆင်းခဲ့သည်
[04:22.79] အခုတော့ ပါစပ်ရာဇဝင်ကလေးတခုဖြစ်ခဲ့ပြီ
[04:28.66] လှိုင်းဆင့်ဆင့်ရင်ရင်လှိုင်း လွမ်းရစ်မဲ့နဒီအပါးဆီ
[04:34.83] ♪♬♪...♬♪♪♬♪♬♪...♪♬♪♬♪♪♬♪♬♪
