Lrc Player

Myoh Ngal Lay Si Ka

Unknown artist
[03:01.76]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:13.21] ကိုယ်တို့တွေမတွေ့ဖြစ်မဆုံဖြစ်တော့တာ

[00:15.07] တကယ်ကြာပြီပဲကိုယ်အလုပ်တွေပိလို့

[00:17.19] တခြားသောအရပ်ဒေသမှာရှင်သန်ခဲ့

[00:19.85] အချိန်များကပြောင်းလဲသွားလဲ

[00:23.32] အရာတိုင်းကမဟောင်းသေးဘူးကွယ်

[00:26.77] ဒီမြိုငယ်လေးဟာအလွမ်းတွေ

[00:28.10] တပွေ့တပိုက်ကြီးနဲ့ကြိုဆိုသတဲ့

[00:29.96] ဒီတခေါက်မှာဆောင်းဟာမနှစ်က

[00:31.56] အေးတဲ့ထက်တောင်ပိုမိုတယ်

[00:33.41] ကိုယ်ရုတ်တရက်သတိရမိခဲ့

[00:36.86] အိမ်မက်တွေရှည်လျားတဲ့ဆောင်းညတွေရယ်

[00:41.11] မီးလင်းဖိုဘေး ညနက်ထိဆွေး

[00:44.31] ကိုယ့်လက်တွေနွေးသွားလဲနှလုံးသားတွေအေး

[00:47.50] ပန်းခင်းများအထိကွယ်

[00:49.37] ကိုယ်လွမ်းရင်သွားကြည့်တယ်

[00:50.95] အမှတ်တရတို့ရှိမယ် ကိုယ်အေးစက်စက်ငြိတွယ်

[00:54.68] ငေးမောနေဆဲ နှင်းတွေဖွေးဖျော့နေတယ်

[01:01.32] ဆွေးပေါ့ကြေကွဲတွေးတောနေခဲ့

[01:21.78] အချစ်ဆုံးရေမင်းရှိတဲ့မြိုလေးဆီခုငါ

[01:23.64] နောက်ထပ်ထက်လာခဲ့

[01:25.23] ကိုယ့်မှာဆောင်းနဲ့အလွမ်းကိုထိပ်တိုက်တွေ့တော့

[01:27.09] ယောက်ယတ်ခတ်တာပဲ

[01:28.95] အမှတ်တရတွေဟာအဆင်မပြေမှုကို

[01:30.55] နှောက်ယှက်တတ်ပါသတဲ့

[01:31.88] ရှမ်းခေါက်ဆွဲလေးတစ်ယောက်ထဲ

[01:33.20] ထိုင်စားရတာအောင့်သက်သက်ပါပဲ

[01:35.87] မင်းသိပ်ချစ်တဲ့နေကြာပန်းတွေမြို့ပြင်မှာပွင့်တယ်

[01:38.79] အရင်လိုလျှောက်လည်ပြီး

[01:39.84] နောက်ကျမှမင်းအိမ်ပို့ချင်တာအချစ်ရယ်

[01:42.49] အိမ်ပြန်နှုတ်ဆက်အနမ်းလေးတွေဟာ

[01:44.09] ကိုယ့်ရင်မှာအမြစ်တွယ်

[01:45.68] ထာဝရမခွဲတဲ့ယုံတမ်းစကားတွေဟာလဲ

[01:47.55] တချို့ထွင်တာဖြစ်မယ်

[01:49.41] ဟိုးအတိတ်ကအနွေးဆုံးလက်ဖဝါးလေးနဲ့

[01:51.01] နှုတ်ခမ်းရဲရဲလေးက

[01:52.34] ရှက်ပြုံးလေးများပြုံးရင်ဆိုကိုယ့်မှာ

[01:55.00] တန်းတန်းစွဲငေးရ

[01:55.80] ခုများတော့မြိုငယ်လေးကကျဉ်းကျဉ်းလေးပဲ

[01:57.94] လွမ်းလဲပဲမတွေ့ရ

[01:59.28] ရူးမတတ်အရမ်းအသည်းထဲဆွေးရတာ

[02:01.12] ဒို့နှစ်ယောက်လမ်းခွဲတဲ့နေ့က

[02:03.25] အဆွေးဘက်ဓာတ်ပါတဲ့

[02:04.32] သီချင်းတွေရေးဆက်တတ်လာခဲ့

[02:06.44] ထွေးဖက်မဲ့ရင်ခွင်လေးမရှိတော့အေးစက်စက်ပါပဲ

[02:10.16] အတူသွားဖူးတဲ့နေရာတွေရောက်တိုင်းအဝေးတစ်ဖက်

[02:12.28] မျက်နှာလွှဲ မင်းသာပြန်လာရင်ဆိုတဲ့အတွေးက

[02:15.21] အတွေးသက်သက်ပါပဲ

[02:17.06] မီးလင်းဖိုဘေး ညနက်ထိဆွေး

[02:20.26] ကိုယ့်လက်တွေနွေးသွားလဲနှလုံးသားတွေအေး

[02:23.70] ပန်းခင်းများအထိကွယ်

[02:25.30] ကိုယ်လွမ်းရင်သွားကြည့်တယ်

[02:27.15] အမှတ်တရတို့ရှိမယ် ကိုယ်အေးစက်စက်ငြိတွယ်

[02:30.60] ငေးမောနေဆဲ နှင်းတွေဖွေးဖျော့နေတယ်

[02:37.51] ဆွေးပေါ့ကြေကွဲတွေးတောနေခဲ့