Lrc Player

03.DATE

Unknown artist
[03:25.27]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:25.95] နေသာတဲ့ နေ့လေးတစ်ရက်ရဲ့

[00:29.14] တနင်္ဂနွေမှာ သူနဲ့ချိန်းထားတယ်

[00:36.04] အရင်တခါဆုံဖူးတဲ့ ပန်းခြံခုံလေးမှာ

[00:42.43] မောင်လေရောက်နှင့်မယ်ချစ်ရသူရယ်

[00:49.33] စိတ်ကူးနဲ့ရောက်ကာနေပြီနော်

[00:52.78] အတူတူချိန်းထားတဲ့ တနင်္ဂနွေဆီသို့

[00:59.95] လွမ်းလွန်းလို့ အိပ်နိုင်မယ်မထင်ဘူး

[01:03.68] ဒီနေ့လေးမရောက်ခင်

[01:07.13] အတူဆုံရင် သူကြိုက်တဲ့သီချင်းတွေ

[01:10.32] ဂျစ်ကားပေါ်ဖွင့်ပြီးကွယ်

[01:12.43] အတူတူမြို့အနှံ့လျှောက်လည်ပြီးတော့

[01:15.09] ဘုရားစုံအတူတူလျှောက်ဖူးမယ်

[01:18.55] ဘိုင်စကုတ်ဝင်ကြည့်မယ် ရေခဲမုန့်စားမယ်

[01:23.32] သူသိပ်ကြိုက်ရတဲ့ ယနေ့ခေတ်သီချင်းတွေ

[01:27.04] အတူတူဆိုဖို့ကွယ်ဆုံတွေ့ချင်ပြီ ချစ်ရသူနဲ့

[01:34.21] တနင်္ဂနွေဆီ မှန်းလို့မျှော်ရီ

[01:39.54] ပြုံးမိပြန်သည် လွမ်းရပြန်ပြီ

[01:45.12] အတူတူနီးမယ့်ရက်တွေ ဝေးလွန်းသလားလို့

[01:48.55] မောင်လေလက်ချိုးရေ

[01:53.61] ဟိုတစ်ခါသူပေးတဲ့ ရှပ်အင်္ကျီ

[01:56.29] အကွက်ကလေးကို လုံချည်နဲ့ဝတ်မယ်

[02:01.88] မောင်ပေးတဲ့ မာဖလာလည်စည်းလေးစည်းကာ

[02:07.45] ရောက်လာမလားလို့

[02:09.04] ကြိုတင်မှန်းစကာ ပျော်ရသည်

[02:13.56] သူကြိုက်တဲ့သီချင်းတွေ ဂျစ်ကားပေါ်ဖွင့်ပြီးကွယ်

[02:17.81] အတူတူမြို့အနှံ့လျှောက်လည်ပြီးတော့

[02:20.73] ဘုရားစုံအတူတူလျှောက်ဖူးမယ်

[02:24.18] ဗိုလ်ချုပ်ဈေးဝင်ကြမယ် ဆီချက်ဝင်စားမယ်

[02:28.96] သူသိပ်ကြိုက်တတ်တဲ့

[02:30.82] ပုလဲပုတီးလေးတွေ မောင်ရှာဝယ်ပေးမယ်

[02:34.54] ဘိုင်စကုတ်ကြည့်တုန်းလေမောင်အနမ်းတွေပေးရင်

[02:39.86] သူလေ စိတ်မကောက်ဘဲနဲ့ ခွင့်ပြုဖို့တော့

[02:43.04] မောင်ဟာ မျှော်လင့်နေ

[02:45.70] အိမ်ပြန်တဲ့အချိန်ရောက်ရင်မောင်လိုက်ပို့ပေးမယ်

[02:50.75] လူမမြင်တဲ့လမ်းထိပ်က

[02:52.60] လက်ပြပြီးတော့ မှိုင်ကာကျန်ခဲ့မယ်

[02:56.34] ဆုံတွေ့ချင်ပြီ ချစ်ရသူနဲ့

[03:01.38] တနင်္ဂနွေဆီ မှန်းလို့မျှော်ရီ

[03:06.95] ပြုံးမိပြန်သည် လွမ်းရပြန်ပြီ

[03:12.79] အတူတူနီးမယ့်ရက်တွေ ဝေးလွန်းသလားလို့

[03:15.98] မောင်လေလက်ချိုးရေတနင်္ဂနွေဆီ