04.Tu Nhit Ko Tine Pyi Pa Hta Ma Pine
[00:12.89] စိန်ခေါ်သံကြားက လူမှုစစ်ပွဲတွေ
[00:17.41] ကြင်နာသူနဲ့အတူ တိုက်ပွဲဝင်ရဲပြီ
[00:24.85] နေရောင်ခြည်အောက်မှာ
[00:26.96] ကိုယ်ချစ်သူနဲ့အတူ
[00:29.89] နိုင်ငံပြည်သစ်တည်
[00:32.28] နှစ်ယောက်တည်းတို့တိုင်းပြည်
[00:48.74] အာကာကိုလွှာပုံပြုလို့
[00:51.13] မေယုနဲ့စုတ်တံချီ
[00:53.79] ပင်လယ်ပြာအဏ္ဏာဝါသမုဒ်ကို
[00:55.92] မင်လုပ်လို့ရေးသီ
[00:58.57] ဗမာရှင်ဘုရင်တွေခေတ်တုန်းက
[01:00.70] သည်အချစ်ရဲ့အကြောင်းတွေသည်
[01:03.37] ရွှေပေလွှာပုရပိုက်ထဲမှာ
[01:05.47] အိပ်မက်ဖြစ်သွားပြီ
[01:20.39] ပုံပြင်ဆန်ဆန်စိတ်ကူးယဥ်
[01:22.78] အချစ်မျိုးနဲ့ခေတ်ကိုမမှီ
[01:25.16] ကိုယ်ရင်မှာဘယ်လိုချစ်သလဲလို့
[01:27.29] သူမေးမြန်းခဲ့သည်
[01:29.95] ကြင်နာသူကိုပြန်ပြောမယ့်
[01:31.81] ကိုယ့်အချစ်အကြောင်းတွေသည်
[01:34.74] ယုံချင်ယုံ မယုံချင်လည်းယုံ
[01:36.59] မကြုံစဖူးထူးသည်
[02:16.19] ကိုယ်ကြင်နာသူကလွဲရင်
[02:18.04] နတ်သမီးလည်း မမက်ပါပြီ
[02:20.97] ရံရွှေဖော်အပျိုစင်တစ်သန်းတောင်
[02:23.90] တစ်ယောက်တည်းနဲ့မလဲပြီ
[02:25.74] ကြင်နာသူကိုသာ နှလုံးသား
[02:27.60] ချဥ်ခြင်းတက်မက်လာရင်
[02:30.26] ဘုရင်ခံတောင်မလိုချင်ဘူးလို့
[02:32.38] ဥဒါန်းတွေရင့်ချီ
[02:47.00] ထမင်းရည်ပူအတူတူ
[02:48.86] လျက်ရမယ်လို့တော့ မပြောလိုပြီ
[02:52.04] မည်သူမဆိုတကယ်မြတ်နိုးလျှင်
[02:54.17] တကယ်စွန့်လွှတ်ဝံ့သည်
[02:56.82] ဟိုရွာအပြင် ဇနပုတ်တဲကလေး
[02:58.96] ဆီမီးမှိတ်တုတ်မှောင်ရီ
[03:01.87] အတူနေရင် ကြယ်မြင်လမြင်
[03:04.01] နှစ်ယောက်တည်းတိုင်းပြည်
[03:07.98] စိန်ခေါ်သံကြားက လူမှုစစ်ပွဲတွေ
[03:13.04] ကြင်နာသူနဲ့အတူ တိုက်ပွဲဝင်ရဲပြီ
[03:19.95] နေရောင်ခြည်အောက်မှာ
[03:22.06] ကိုယ်ချစ်သူနဲ့အတူ
[03:24.72] နိုင်ငံပြည်သစ်တည်
[03:27.64] နှစ်ယောက်တည်းတို့တိုင်းပြည်
