Lrc Player

12.Tu Nhit Ko Tine Pyi Di Ti Ya Pine

Unknown artist
[03:34.10]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:25.50] တာဝတိံသာက နတ်သမီးလေးတစ်ပါး

[00:27.62] နတ်သက်ကြွေကာ

[00:29.73] မြန်မာပြည်မှာ လူဖြစ်ပြီးတော့

[00:32.66] မွေးဖွားလာတယ်

[00:34.52] ကု္ကန္ဒြေပိုင်ရှင် ယဉ်ကျေးမှုနဲ့

[00:37.17] သူ့အလှတွေရယ်

[00:39.03] မြင်လျှင်မြင်လျှင်မြင်ချင်းပဲကွယ်

[00:41.68] ချစ်မိစေတယ်

[00:43.55] ကိုယ့်နှလုံးသားက လက်ညှိုးထိုးပြခဲ့တယ်

[00:48.32] ရည်မှန်းထားတဲ့

[00:50.72] အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ်

[00:53.11] ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ်

[00:56.83] ကြွေပါတော့ကွယ်

[01:07.45] ပေပေတေတေ နေပစ်ခဲ့သမျှ

[01:09.85] တို့ပြုပြင်မယ်

[01:11.97] အိမ်ရာထူထောင် အတည်တကျဖြစ်ဖို့

[01:14.90] ကြိုးစားချင်တယ်

[01:16.49] ကိုယ်ကြင်နာသူကိုယ့်ရည်းစားလေး

[01:19.14] တင့်တင့်တယ်တယ်

[01:21.26] လူပုံအလည်မှာ မျက်နှာပန်းလှဖို့

[01:23.93] တို့စွမ်းဆောင်မယ်

[01:26.05] သူငယ်ချင်းများနဲ့

[01:28.44] အပျော်အပါးလည်းလျော့ပါ့မယ်

[01:30.83] အိမ်မြဲပါ့မယ်

[01:33.22] သန်းခေါင်ညဉ့်နက် လမ်းထွက်မလည်

[01:35.34] အရင်တုန်းက အချိုးမျိုးပြင်ကာ

[01:39.34] လိမ္မာပါ့မယ်

[02:01.37] ကြင်နာသူကို ရည်မှန်းကြိုးစား

[02:04.03] စွမ်းအားတွေရယ်

[02:06.15] ဓူဝံကြယ်ကို တောင်ဘက်အရပ်သို့

[02:08.81] ရွှေ့ပစ်လိုက်နိုင်တယ်

[02:10.94] နာမည်ကျော်တဲ့ သူရဲကောင်းတစ်ယောက်

[02:13.59] မဟုတ်ခဲ့ပေမဲ့

[02:15.72] ပင်လယ်ပြင်ကို ပြာကျတဲ့အထိ

[02:18.38] မီးရှို့နိုင်တယ်

[02:20.50] ညာလက်ရုံးနဲ့ တည်ဆောက်ရမဲ့ဘဝရယ်

[02:25.29] ဘယ်လက်ရုံးနဲ့ ကိုယ်သိမ်းပိုက်မဲ့အချစ်ရယ်

[02:30.06] ယောကျာ်းကောင်းတစ်ယောက်ရဲ့သစ္စာနဲ့

[02:34.05] ကြင်နာပါ့မယ်

[02:44.40] သူရယ်ကိုယ်ရယ် ရှေ့သွားနောက်လိုက်

[02:46.80] ဆံထုံးနဲ့သျှောင်နှယ်

[02:48.93] အိမ်သူကြင်ဖော် နှစ်ယောက်တည်းသီးသန့်

[02:51.32] ဖြစ်တဲ့အခါမယ်

[02:53.72] သူသူငါငါ ရေလဲသုံးတဲ့

[02:56.36] စကားလေးကိုကွယ်

[02:58.48] အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲမက

[03:01.14] ပြောပြောနေမယ်

[03:03.00] ဒီလောကနဲ့ အလွန်ဝေးတဲ့အရပ်တစ်ခုမယ်

[03:07.78] သမ္မာကျမ်းထဲက ကမ္ဘာဦးသမီးရည်းစားလို

[03:12.57] နှစ်ယောက်တည်းနဲ့ တို့ရဲ့တိုင်းပြည်ကို

[03:16.55] ထူထောင်ကြမယ်