15 Nate Theit
[00:18.73] အရှေ့ဆီမှာ ရောင်နီလေးသန်းလို့လာပြီ
[00:25.09] မိုးလင်းတော့မယ် ထားတော့ညီမလေးရယ်
[00:29.10] အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ်
[00:35.74] ကိုယ်လက်ကို သန့်ရှင်းထား
[00:39.99] စိတ်ဓါတ်ကို စုစည်းထား
[00:43.97] ဒီနေ့သစ်ဟာတို့ကို
[00:48.50] မျှော်လင့်ခြင်းအသစ်တွေ ပေးလာမယ်
[00:58.05] ငှက်တောင်မှသာယာတဲ့သီချင်းရွေးတတ်တာပဲ
[01:04.17] စောစောစီးစီး စကားမများကြနဲ့
[01:08.14] ကမ္ဘာမြေအတွက်မင်္ဂလာရှိတဲ့အချိန်ဝယ်
[01:14.78] လေကောင်းတွေရှုရှိုက်ကြ သဘာဝကိုမှီဝဲကြ
[01:23.03] ဒီနေ့သစ်ဟာတို့ကို
[01:27.28] အင်နဲ့အားအသစ်တွေပေးလာမယ်
[01:51.19] ညအမှောင်ရယ် အိပ်မက်ဆိုးကနိုးလာပြီ
[01:57.56] လမ်းဟောင်းဆက်မသွားဖို့
[01:59.42] အမှားဟောင်းဆက်မမှားဖို့
[02:01.55] ပြင်ဆင်ဖို့လိုတယ် အခွင့်ကောင်းပါပဲ
[02:08.19] ရန်ညိုးတွေဖြေဖျောက်စို့
[02:12.18] သွေးရင်းလိုလက်တွဲစို့
[02:16.43] ဒီနေ့သစ်ဟာတို့ကို
[02:20.68] အောင်မြင်မှုအသစ်တွေပေးလာမယ်
