Lrc Player

3.83 Lan 25 26 B Lan Kyar

Unknown artist
[07:55.87]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:24.80] ကိုယ်ခံစားရသမျှရေးထားတဲ့

[00:28.96] အကြောင်းလေးတွေကို

[00:31.35] ကျွန်တော်ညညသူ့အိမ်ရှေ့မှာ

[00:36.92] ဂစ်တာသံပေးရင်းနဲ့

[00:39.05] သီချင်းလုပ်ဆိုတယ်

[00:43.03] မြင်ရနိုးနိုးသူ့အရိပ်ကလေးကို

[00:48.35] စွဲလန်းသမျှ

[00:51.27] အကြောင်းလည်းပါတယ်

[00:54.45] ကျွန်တော့အချစ်တွေ

[00:57.38] ရင်မှာအပြည့်ပေါ့

[01:00.31] သူထွက်လာအောင်

[01:03.49] အသံပေးတယ်

[01:06.41] သူကြားနိုင်အောင်

[01:09.50] အသံပြုတယ်

[01:14.02] မမောဘူးကွယ်

[01:16.41] ကျွန်တော့စိတ်တွေ

[01:19.59] နွေရာသီညည

[01:21.72] မန္တလေးမြို့တစ်နေရာ

[01:25.70] နွေရာသီညည

[01:28.01] မန္တလေးမြို့တစ်နေရာ

[01:56.86] ဒီသီချင်းလေးများ

[01:59.26] အကြောင်းပြုလို့

[02:01.28] ရင်းနှီးမှုကြာတော့

[02:03.56] ကျွန်တော်တို့နှစ်ယောက်

[02:05.32] သိပ်ချစ်လာကြတယ်

[02:09.04] ပူလောင်ခြင်းကင်းတဲ့

[02:11.44] မန္တလေးရဲ့

[02:13.19] ခြစ်ခြစ်တောက်နွေဟာ

[02:15.50] ရင်ကိုအေးမြမှုနဲ့

[02:18.06] ပြည့်စုံခဲ့ပါတယ်

[02:20.34] သီချင်းလေးတွေ

[02:23.54] သိပ်ချစ်သူနဲ့

[02:26.45] မန္တလေးမှာအပျော်ဆုံးပါ

[02:32.57] မခွဲမခွာနိုင်

[02:35.48] နှစ်ယောက်စလုံးမှာ

[02:38.68] သံယောဇဉ်တွေ

[02:41.51] တွယ်လာကြတော့

[02:46.29] နှစ်ဦးသဘောတူ

[02:48.42] အဆုံးအဖြတ်နဲ့

[02:51.60] ဘဝကလေးတစ်ခု

[02:53.73] စွန့်စားပြီးထူထောင်တယ်

[02:57.71] ဘဝကလေးတစ်ခု

[03:00.01] စွန့်စားပြီးထူထောင်တယ်

[04:08.64] လွယ်လွယ်သဘောထားပြီး

[04:11.20] မစူးစမ်းပဲလောကဇာတ်ခုံမှာ

[04:15.19] ထူထောင်ခဲ့တဲ့

[04:16.42] ဘဝမပြည့်စုံတော့

[04:20.68] အဆင်မပြေမှုများ

[04:22.80] တစ်နေ့ထက်တစ်နေ့

[04:24.56] တရိပ်ရိပ်တက်လာတယ်

[04:27.11] အိမ်ထောင်ရေးဘဝ

[04:29.14] အမုန်းဇာတ်တွေစပြီ

[04:32.05] မသိခဲ့တဲ့ဘဝရဲ့ပြသနာတွေ

[04:38.16] လက်တွေ့တကယ်

[04:41.10] ရင်ဆိုင်ရတော့

[04:44.31] အပြစ်ဆိုတာတွေမြင်ကြပြီ

[04:50.16] အချစ်ဆိုတာတွေရှာမရပြီ

[04:57.88] အခုမှတကယ့်အခက်တွေ့ပြီ

[05:03.21] ပျော်မယ်ထင်တဲ့ဘဝ

[05:05.60] အခုတော့မပျော်ပါလား

[05:09.04] လွယ်မယ်ထင်တဲ့ဘဝ

[05:11.70] အခုတော့မလွယ်ပါလား

[05:40.31] ပူလောင်ခြင်းပြင်းတဲ့

[05:42.59] မန္တလေးရဲ့

[05:44.30] ခြစ်ခြစ်တောက်နွေဟာ

[05:46.57] ရင်ကိုမီးအဖြစ်

[05:48.60] ကူးစက်တဲ့အချိန်မှာ

[05:52.05] ကိုယ်ခံစားရသမျှ

[05:54.60] ရေးထားတဲ့

[05:56.19] သီချင်းလေးတွေလည်း

[05:58.49] သံစဉ်တစ်ပိုင်းတစ်စနဲ့

[06:00.52] အဆုံးသတ်ခက်လာတယ်

[06:03.18] လောကမှာ

[06:06.37] တစ်ယောက်တစ်ယောက်

[06:06.89] ချစ်ရုံနဲ့

[06:09.28] မပြီးဘူးဆိုတာကျွန်တော်သိပြီ

[06:15.40] ဖြစ်ချင်တာတွေ

[06:18.32] တကယ်မဖြစ်ခင်

[06:21.23] မဖြစ်ချင်တာတွေ

[06:24.16] တကယ်ဖြစ်ရင်

[06:28.95] နှစ်ဦးသဘောတူ

[06:31.34] အဆုံးအဖြတ်နဲ့

[06:34.52] အချစ်ဆုံးနှစ်ယောက်

[06:36.37] မုန်းကြမှာလား

[06:40.37] အချစ်ဆုံးနှစ်ယောက်

[06:42.76] ဆက်ချစ်မှာလား