Bawa See Chin
[00:25.69] တွေ့ခဲ့တဲ့အချိန်အခါတွေကို သတိရမိနေတယ်
[00:31.28] ပါးမို့မို့နံ့သာတွေခြယ်ကာ ကြည့်လို့မဝသူရယ်
[00:36.85] မျောလွင့်တဲ့ဆံကေသာဟာ ရစ်ပတ်တွယ်ငြိခဲ့
[00:42.70] စီးမျောရင်းနှစ်ယောက်အတူပျော်မြူးခဲ့
[00:48.00] ပြန်တွေးရင်သတိရနေဆဲ
[00:53.85] သွားခဲ့တဲ့နေရာတွေကိုလွမ်းဆွတ်မိပြန်တယ်
[00:59.43] ပန်းသွေးနဲ့နှုတ်ခမ်းတွေကိုလေ နမ်းခဲ့မိပါတယ်
[01:05.00] တင်းကြပ်တဲ့ရင်ခွင်အကာမှာဖက်ထားခဲ့ပါတယ်
[01:10.58] ပြန်ငေးရင်းလွမ်းဆွတ်နေဆဲ
[01:16.70] ပြန်တွေးရင်းသတိရနေဆဲ
[01:22.28] ငယ်ရွယ်ဆဲ ဘဝတွေမယ်
[01:27.85] ဘာတွေအခက်အခဲကြုံလာကြပါစေကွယ်
[01:33.69] ရင်ဆိုင်တိုက်ပွဲအတူဝင်ရဲတယ်
[01:39.26] ပျော်ရွှင်စရာဘုံကမ္ဘာလေးထဲမယ်
[01:45.40] တို့နှစ်ယောက်အမြဲအတူရှိဖူးတယ်
[01:50.43] ရင့်ကျက်တဲ့တွဲလက်တွေဟာ ကျစ်လစ်မြဲမြံခဲ့
[01:56.01] တရားနဲ့ဓမ္မဒေသနာတွေကို ခွဲခြားမိပြီကွယ်
[02:01.31] မွန်းကြပ်တဲ့လူ့ဘဝအလည်မှာ တူသောစိတ်တွေနဲ့
[02:07.15] အားတင်းရင်းဆက်လျှောက်လို့လာခဲ့
[02:12.73] ဘဝအရေး ရဲဝံ့စွာနဲ့
[02:44.09] လူ့ဘဝရဲ့နေဝင်ချိန်မှာ စစ်ထွက်ရမှာဘဲ
[02:49.66] မရဏရဲ့လွင်ပြင်ကျယ်မှာစီးချင်းထိုးရင်လဲ
[02:54.98] အကြောင်းမလှလို့ကံကုန်ရင်တောင်
[02:57.63] ကိုယ်ပဲကျပါစေကွယ်
[03:00.82] မေ့အတွက်တော့အထိမခံနိုင်ဘူးကွယ်
[03:06.93] ဘဝအရေး ရဲဝံ့စွာနဲ့
[03:12.77] ရင်မှာအမြဲသစ္စာရယ် သူကြွေရင်လဲ
[03:20.21] တကယ်မကြည့်ချင်တယ် ကိုယ်သာကြွေပြီး
[03:25.78] အရင်ထွက်ပေးချင်တယ်
[03:29.23] အေးချမ်းတဲ့ဘုံကမ္ဘာသစ်တစ်ခုမယ်
[03:34.82] ကိုယ်အမြဲစောင့်လို့နေချင်တယ်
[03:40.40] ရင်မှာအမြဲသစ္စာရယ် သူကြွေရင်လဲ
[03:48.36] တကယ်မကြည့်ချင်တယ် ကိုယ်သာကြွေပြီး
[03:53.95] အရင်ထွက်ပေးချင်တယ်
[03:57.41] အေးချမ်းတဲ့ဘုံကမ္ဘာသစ်တစ်ခုမယ်
[04:03.24] ကိုယ်အမြဲစောင့်လို့နေချင်တယ်
[04:08.55] ကိုယ်အမြဲစောင့်လျှက်ပါအချစ်ရယ်
[04:14.93] ကိုယ်အမြဲစောင့်လျှက်ပါအချစ်ရယ်
