03.Nway Lal Naye Eain Mat
[00:00.28] ဝိုးတဝါး ထိုးဖောက်ကာ
[00:02.40] ခြောက်လန့်နေ နေဆဲ
[00:06.65] ရင်နာစရာအတိတ်ရဲ့ ရုပ်ပုံလွှာ
[00:09.57] ဖျောက်ဖျက် မပျောက်ပျက်ပါ
[00:12.49] သူပြန်မလာ ကြာညောင်း လှပေါ့
[00:15.95] ဆံပင်ညိုတွေတောင် ဖြူဖြူလာပြီ
[00:22.07] တဖြည်းဖြည်း တဖြည်းဖြည်း အို
[00:26.58] တရိပ်ရိပ်နဲ့ သာ
[00:32.70] နွေလယ်နေ့ခင်း စိတ်ကူးရင်း
[00:35.88] ကြုံဆုံလာခဲ့ရသမျှ
[00:39.34] တရေးရေးပေါ်လာ
[00:42.79] နွေလယ်နေ့များ တို့အကြောင်းတွေ
[00:45.71] အဖြစ်အပျက်ကုန်စင်
[00:48.90] ထိုင်ကာလေ အတွေးချဲ့ပေါ့
[00:52.10] အိပ်လို့မပျော်သူ
[01:02.44] မိုးလင်း လုလုမှ
[01:04.84] မျက်လုံးအစုံကမှေး
[01:08.04] တိုနေတဲ့ဆေးလိပ် တအားရှိုက်ဖွာ
[01:12.02] အဆုံးသတ်လိုက်ပေါ့တဖန်
[01:15.21] ကြင်သူမမြင်တဲ့ရက် လ များရယ်
[01:18.13] အငြိုအငြင်တွေ ပိုနေပြီလား
[01:23.97] တဖြည်းဖြည်း တဖြည်းဖြည်းနဲ့
[01:27.96] အတွေးရစ်ကဖြာ
[01:34.88] နွေလယ်နေ့ခင်းအိပ်မက်မှာ
[01:38.06] အဖန်ဖန်ကွယ် ကူးခတ်ရင်း
[01:41.50] နစ်မျောအခါခါ
[01:44.44] နွေလယ်နေ့ခင်း အိပ်မက်သာ
[01:48.15] သောကဖြေစရာ
[01:50.54] ဒီကမ္ဘာမှာပြေးပုန်းဖို့
[01:53.99] အကောင်းဆုံးနေရာ
[02:24.14] ဆက်ရင်း ဆက်ရင်းသာ
[02:26.79] ကိုယ့်ဘဝရယ် နေမမြင်တော့
[02:30.24] နေရာမှန်ပျောက်ဆုံး ခြင်းနဲ့အတူ
[02:34.24] စတုတ္ထနန်းထက်မှာ
[02:37.16] တကိုယ်တော်လေလွင့် ကျက်စားခဲ့တာ
[02:40.34] ဒဏ်ရာ ဝေဒနာ ပိုပိုလာရုံပါ
[02:46.45] တဖြည်းဖြည်း တဖြည်းဖြည်း နဲ့
[02:50.17] လမ်းဆုံးထက်မှာ
[02:57.07] နွေလယ်နေ့ခင်း အိပ်မက်မှာ
[03:00.26] ပြန်လည်ကာ ရုန်းထွက်ဖို့
[03:03.46] သတိရချိန်မှာ
[03:06.91] ခန္ဓာကိုယ်အသွေး အသားနဲ့အရေ
[03:10.89] ပြုန်းလုပြီလေ
[03:13.55] ရှင်ကာနေလျက်နဲ့လဲ ဘဝဆုံးပြီပဲ
