Lrc Player

03.Maung A Yine Pan

Unknown artist
[03:48.13]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:10.21] ညှာတာမှုကင်းမဲ့လှစွာ လေပွေသရမ်းတွေ

[00:14.45] အမှတ်မထင်ဘဲ တိုက်ခိုက်ရက်စက်လာ

[00:19.24] နုငယ်တဲ့ မောင့် အရိုင်းပန်း

[00:24.29] အသိမကြွယ်တဲ့ မောင့် တစ်ပွင့်ပန်း

[00:29.61] အညှာမခိုင်သေးတော့ကွယ် မဖွံ့ဖြိုးခင်

[00:33.32] မြေမှာ ခရရှာပြီ

[00:45.55] စာနာမှု လုံးဝမရှိတဲ့ လူယဉ်ကျေးတွေ

[00:50.58] အလစ်ကိုချောင်းတစ်ဖက်သားတစ်ချက်အငိုက်ကို

[00:55.09] အပြစ်နာမဲ့ မောင့်အရိုင်းပန်း

[01:00.15] သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း

[01:05.46] အနီရောင် စွန်းထင်းကာ အလှမပြည့်ခင်

[01:09.17] မြေမှာ ခရရှာပြီ

[01:17.14] ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ

[01:22.20] ဝဲဂယက်ထန် လှုပ်ရှားသွားရပြီကော

[01:27.24] သာယာကာအေးချမ်းတဲ့ အခြေအနေတွေ

[01:32.29] ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ

[01:37.33] မောင့် အရိုင်းပန်း

[01:39.73] မောင့် အသဲပန်း

[01:42.64] ကံဇာတာ ခေချိန်လား

[01:45.04] ဝဋ္ဋ်ကြွေးတွေ မကုန်လို့လား

[01:47.43] ရေတိမ်မှာ နစ်မွမ်းရတာ

[02:00.71] သန်းခေါင်ယံည လမိုက်ခိုက်တောင်

[02:03.10] မမှီနိုင်ဘူးထင်

[02:05.76] စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်

[02:10.01] မေတ္တာတရား ခေါင်းပါးလွန်းနေ

[02:15.07] ဂရုဏာမဲ့ သွေးသားအလိုအတွက်

[02:20.38] ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ

[02:23.84] ခန္ဓာကိုယ် စတေးရရှာတယ်

[02:28.88] သေတမန် ပြောင်းဝကို အရိုင်းပန်းငယ်

[02:31.81] မလွန်ဆန်နိုင် ဆက်သရုံပဲ

[02:50.13] ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ

[02:54.65] ဝဲဂယက်ထန် လှုပ်ရှားသွားရပြီကော

[02:59.70] သာယာကာအေးချမ်းတဲ့ အခြေအနေတွေ

[03:04.74] ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ

[03:09.51] မောင့် အရိုင်းပန်း

[03:11.90] မောင့် အသဲပန်း

[03:14.83] ကံဇာတာ ခေချိန်လား

[03:17.50] ဝဋ္ဋ်ကြွေးတွေ မကုန်လို့လား

[03:19.89] ရေတိမ်မှာ နစ်မွမ်းရတာ

[03:25.45] မောင့် အရိုင်းပန်း

[03:28.12] မောင့် အသဲပန်း

[03:30.24] မောင့် အသဲပန်း

[03:32.37] မောင့် အရိုင်းပန်း