05.O Bal Tan Chu Shin
[00:19.32] ခိုင်သဇင် ပင်မြင့်ထက်တွင်
[00:21.45] လေသင့်ရာမွှေးရနံ့တွေလွင်
[00:23.56] ကပိုကရို မခို့တရို့နဲ့ အလှသွေးရည်တွေ၀င်
[00:27.55] ကြွားကြွား၀င့်၀င့် ငွါးငွါးစွင့်စွင့်
[00:29.67] လျှမ်းတင့်တဲ့ ပန်းပွင့် မာလာသဇင်
[00:34.45] ခိုင်သဇင် ပင်မြင့်ထက်တွင်
[00:36.59] လေသင့်ရာမွှေးရနံ့တွေလွင်
[00:39.24] ကပိုကရို မခို့တရို့နဲ့ အလှသွေးရည်တွေ၀င်
[00:43.76] ကြွားကြွား၀င့်၀င့် ငွါးငွါးစွင့်စွင့်
[00:45.62] လျှမ်းတင့်တဲ့ ပန်းပွင့် မာလာသဇင်
[00:49.85] ၀ေလွင်လွင် ပင်မြင့်ထက်က
[00:52.27] အလှဖူးကလေးကို ခူးမယ့်တံချူရှင်
[00:57.05] ၀ေလွင်လွင် ပင်မြင့်ထက်က
[00:58.91] အလှဖူးကလေးကို ခူးမယ့်တံချူရှင်
[01:03.69] ပစ္စည်းဂုဏ် ဓနဂုဏ်နဲ့ပင်
[01:06.09] မြှူလို့သာလှမ်းဆွတ်တဲ့သူ အိုတံချူရှင်
[01:10.33] ရလိမ့်မယ်လို့မထင်နဲ့
[01:12.99] ရလိမ့်မယ်လို့မထင်နဲ့
[01:14.84] နွမ်းလျက်သာစော အမောသာအဖတ်တင်
[01:19.38] သဇင်ငုံဆင့် မှုန်တပွင့်ကို
[01:21.23] ဘ၀တူယှဥ် ကြင်လိုချင်ရင်
[01:23.89] အိုဘယ့်တံချူရှင် အိုဘယ့်တံချူရှင်
[01:28.15] ဗမာ့သားကောင်းသာဖြစ်ပေစေ
[01:30.54] ဗမာ့သားကောင်းသာဖြစ်ပေစေ
[01:32.66] တံချူတွေတောင် ဆောင်ဖို့မလိုပါရှင်
[01:35.32] ခရီးကြိုလင့် ဆင့်ကာ
[01:37.44] လွင့်ကာ ကြွေကျလာမယ်အစဥ်
[01:44.87] မဉ္ဇူရွှေတေခက် ခြူရေးခက်တဲ့ အလှသဇင်ကို
[01:47.80] ရွှေရုပ်လို အလှထူးသူက
[01:49.66] အရခူးမယ်လို့ ဟန်ပြင် လွမ်းလျက်နဲ့
[01:53.10] မဖယ်ချင် အလှမ်းခက်တဲ့ နွယ်သဇင်
[01:56.30] ဘယ်လိုပင် လက်ကမ်း
[01:57.90] လှမ်းဆွတ်လို့ ရလိမ့်မယ်မထင်
[02:04.80] မဉ္ဇူရွှေတေခက် ခြူရေးခက်တဲ့ အလှငွေသဇင်ကို
[02:08.78] ရွှေရုပ်လို အလှထူးသူက
[02:10.38] အရခူးမယ်လို့ ဟန်ပြင် လွမ်းလျက်နဲ့
[02:12.77] မဖယ်ချင် အလှမ်းခက်တဲ့ နွယ်သဇင်
[02:17.82] ဘယ်လိုပင် လက်ကမ်း
[02:19.14] လှမ်းဆွတ်လို့ ရလိမ့်မယ်မထင်
[02:22.86] အိုတံချူရှင် အသင့်လိုလူကို မဆိုထားနဲ့
[02:27.64] အလှဂုဏ် ဓနဂုဏ် ပညာဂုဏ် စွယ်စုံတောက်လို့
[02:32.17] ဂုဏ်မောက်ကာ အမျိုးမျိုးနဲ့ ဗန်းပြလာကာပင်
[02:36.68] ရလိမ့်မယ်လို့မထင်နဲ့
[02:39.34] အော်ရလိမ့်မယ်လို့မထင်နဲ့
[02:41.46] နွမ်းလျက်သာစော အမောသာအဖတ်တင်
[02:45.70] သဇင်ငုံဆင့် မှုန်တပွင့်ကို
[02:48.10] ဘ၀တူယှဥ် ကြင်လိုချင်ရင်
[02:50.23] အိုဘယ့်တံချူရှင် အိုဘယ့်တံချူရှင်
[02:54.23] ဗမာ့သားကောင်းသာဖြစ်ပေစေ
[02:56.61] ဗမာ့သားကောင်းသာဖြစ်ပေစေ
[02:59.00] တံချူတွေတောင် ဆောင်ဖို့မလိုပါရှင်
[03:01.66] ခရီးကြိုလင့် ဆင့်ကာ
[03:03.52] လွင့်ကာ ကြွေကျလာမယ်အစဥ်
