06.Inn Lay Mhar Ywar Tae Moe
[01:09.59] တောင်တွေကာရံထားတဲ့
[01:11.98] အလယ်မှာ အင်းလေးရေပြင်ပြာ
[01:15.17] လှေငယ်လေးတစ်စင်း တရွေ့ရွေ့လွန့်လူးလာ
[01:21.81] ထိုစဥ်မိုးကောင်းကင်မှာ
[01:24.99] မှုန်ရီမည်းနက် ရိပ်ခြယ်လာ
[01:28.46] လှေရှင်လေးတစ်ယောက်တည်း
[01:31.64] အလွမ်းတေးညည်းလိုသာ
[01:35.36] ကမ်းစပ်ကို သူလှော်ခတ်လာ
[01:41.74] ထိုစဥ် မိုးတွေမည်းမှောင်ရီကာ
[01:45.18] သည်းသည်းရွာပြီတစ်ခါ
[01:47.58] လှေငယ်လေးတော့ ကမ်းစပ်ရဲ့အဝေးမှာ
[01:54.22] ရေပြင်လှိုင်းများ ခက်ထန်ကာ
[01:57.67] မမြင်နိုင်စွမ်းတဲ့ ကမ်းခြေအလာ
[02:00.86] လှေရှင်လေးတစ်ယောက်တည်း
[02:04.31] အချစ်နဲ့ကင်းဝေးရှာ
[02:07.50] မိုးမင်းရယ် ညှာတာလှည့်ပါ
[02:13.87] အင်းလေးမှာ ရွာတဲ့မိုးရယ်
[02:20.00] အင်းလေးမှာ ရွာတဲ့မိုးရယ်
[02:26.89] တိတ်လှည့်ပါ တိတ်လှည့်ပါ
[02:33.01] အလွမ်းအထီးကျန် အဖော်မဲ့သူ့ကမ္ဘာ
[02:39.12] တွေးမိလာ .. အကယ်၍များသာ
[02:45.49] လှေဦးထိပ်မှာ
[02:48.69] ကြင်နာသူလေး ပါလာခဲ့ရင်
[02:56.12] သူ ဒီလောက် အားငယ်မယ်မထင်ပါ
[03:03.03] ကြင်နာမယ့်သူမရှိနိုင်ခင်မှာ
[03:05.95] သူ့အတွက်အဖော်အမွန်ဟာ
[03:08.87] ရေပြင်ထက်က မိုးစက်မှုန်များသာ
[03:15.52] ပြာရီမှိုင်းတဲ့ ကောင်းကင်မှာ
[03:18.70] လှေရှင်လေးအတွက် မိုးတွေရွာ
[03:22.15] ညှာတာပါ မိုးရယ်
[03:25.61] အလွမ်းများနဲ့သူ့ဘဝမှာ
[03:28.80] မိုးပဲ သူအချစ်ဆုံးပါ
[03:34.64] အင်းလေးမှာ ရွာတဲ့မိုးရယ်
[03:40.76] အင်းလေးမှာ ရွာတဲ့မိုးရယ်
[03:47.40] တိတ်လှည့်ပါ တိတ်လှည့်ပါ
[03:54.59] အလွမ်းအထီးကျန် အဖော်မဲ့သူ့ကမ္ဘာ
[04:00.16] တွေးမိလာ အကယ်၍များသာ
[04:07.07] လှေဦးထိပ်မှာ
[04:09.99] ကြင်နာသူလေး ပါလာခဲ့ရင်
[04:16.90] သူ ဒီလောက် အားငယ်မယ်မထင်ပါ
[04:23.81] ရေပြင်ထက်မှာ အထီးကျန်တစ်ကိုယ်ရည်
[04:27.26] လွမ်းလိုမဖြေနိုင်သာ
[04:29.93] လှေရှင်လေးရယ် အားမလျှော့ပါနဲ့ကွာ
[04:36.31] မိုးကိုလည်း မချစ်စေချင်ပါ
[04:39.76] အားမငယ်ဘဲ ဆက်ခါ လှော်ပါ
[04:43.22] လှေငယ်လေးထက်မှာ
[04:46.94] တစ်နေ့နေ့တော့ ဘဝရဲ့အဖော်
[04:50.13] အားပေးမယ့်သူ ပေါ်လာလိမ့်မှာ
