Lrc Player

13.Kay Thayi

Unknown artist
[03:47.21]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:16.86] စိုးမိုးမှု ဒီရင်မှာ

[00:19.24] နှလုံးသားထဲစူးနစ်စေခဲ့တယ် ကေသရီရယ်

[00:25.08] မင်းအကြည့်ကြောင့် ရင်ဝေဒနာ

[00:27.21] နက်သထက်နက် ဖျက်မရနိုင်ခဲ့

[00:32.25] အိုမောင့်ကေသရီရယ်

[00:37.84] စွဲလန်းခြင်း အသင်္ချေကို

[00:40.23] မင်းသက်သက် ပေးခဲ့လေသလားကွယ်

[00:48.74] တို့ဘဝရဲ့အာရုဏ်တွေမှာ

[00:51.42] တမ်းတမ်းစွဲ စွဲမိပြီပေါ့ကွယ် ကေသရီရယ်

[00:56.73] မလှမ်းဝံ့တဲ့ ခြေရာတစ်စုံဟာ

[00:59.39] မင်းနံဘေးနား ရှိလျှက်ပါပဲ

[01:04.44] အိုမောင့်ကေသရီရယ်

[01:09.74] သောကကျင့်စဉ်တွေကို

[01:12.41] နှလုံးသားထဲ ထည့်ခဲ့လေသလားကွယ်

[01:20.63] စိတ်ထဲရှိရှိသမျှနဲ့

[01:23.29] အပြင်ဘက်က လက်တွေ့ဘဝဟာ

[01:25.95] ကွာခြားတယ် ချစ်သူရယ် သိစေချင်တယ်

[01:33.91] နန်းထိုက်တဲ့ တော်ဝင်သူကို

[01:36.31] တို့လက်နဲ့ မထိရက်ပါဘူးကွယ်

[02:03.84] အသက်နှင့်အမျှ ကြင်နာသူကို

[02:05.96] ကြေကွဲရင်းနှုတ်ဆက်ခဲ့ပါတယ် ကေသရီရယ်

[02:11.29] တို့ဘဝရဲ့အဖော်မွန်ဟာ

[02:13.67] ဝေးသင့်လို့ဝေးခဲ့ကြပြီပဲ

[02:18.98] အို..မောင့်ကေသရီရယ်

[02:24.56] နန်းထိုက်တဲ့ တော်ဝင်သူကို

[02:27.22] တို့လက်နဲ့ မကမ်းတော့ပါဘူးကွယ်

[02:35.99] စိတ်ထဲရှိရှိသမျှနဲ့

[02:38.37] အပြင်ဘက်က လက်တွေ့ဘဝဟာ

[02:40.51] ကွာခြားတယ် ချစ်သူရယ် သိစေချင်တယ်

[02:48.74] နန်းထိုက်တဲ့ တော်ဝင်သူကို

[02:50.86] တို့လက်နဲ့ မထိရက်ပါဘူးကွယ်

[02:56.70] နန်းထိုက်တဲ့ တော်ဝင်သူကို

[02:59.09] တို့လက်နဲ့ မကမ်းတော့ပါဘူးကွယ်

[03:04.68] နန်းထိုက်တဲ့ တော်ဝင်သူကို

[03:07.32] တို့လက်နဲ့ မထိရက်ပါဘူးကွယ်