Lat Sone
[00:16.78] အမေဟာအခန်းထဲမှာထိုင်ပြီးတော့
[00:21.56] ပုတီးစိပ်ရင်း တိုးတိုးလေးငို
[00:25.01] အဖေဟာ ပြတင်းပေါက်က
[00:27.13] ဟိုးအပြင်ကို ငေးမောရင်း
[00:29.53] ရှိုက်ရှိုက်သောက်ခဲ့ ဆေးလိပ်တို
[00:33.25] နေညိုချိန်စားရတဲ့ထမင်းဝိုင်းဆို
[00:37.50] ရယ်သံတွေတိတ်ဆိတ်လို့
[00:39.10] အတွေးကပို
[00:41.50] အချိန်နာရီ စက္ကန့်တိုင်း
[00:43.35] ရင်မှာလေ တမ်းတခဲ့
[00:46.55] သားသမီးများ ဆုံမယ့်ရက်ကို
[00:50.00] လေယူရာလွင့်ခဲ့တဲ့ရော်ရွက်များလို
[00:54.79] စီးမျောရင်း ပျံသန်းရလို့
[00:58.49] အိမ်ပြန်မရောက်ဖြစ်ခဲ့
[01:00.09] ရာသီတွေပြောင်းတိုင်းလည်း
[01:03.28] နေ့မက်ညမက် အိပ်မက်များကို
[01:06.73] ပြန်လာမယ် တဲကလေးနဲ့
[01:08.22] မြက်ခင်းစိမ်းကို
[01:11.42] အမြဲတမ်းပဲ လွမ်းရလို့
[01:14.86] ရင်မှာလေတွေးတောရင်း
[01:17.79] စိတ်ကြည်နူးခဲ့
[01:19.91] တွဲထားတယ် ညီမလေးလက်ကို
[01:23.36] ဒီလိုပဲ ဘဝရဲ့လမ်းတွေထဲ
[01:28.14] အနိမ့်အမြင့်ရှိကြစမြဲ
[01:31.61] အိမ်ပြန်မယ့် နေ့ရက်ရောက်မှာပဲ
[01:36.40] ရင်မှာယုံကြည် မျှော်လင့်ရင်းနဲ့
[01:39.85] ပြန်ဆုံရင် အမေ့ရဲ့ပါးကိုနမ်းမယ်
[01:42.50] အဖေ့ကို ဦးချကန်တော့မယ်
[01:44.63] ညီမလေး ဟင်းတွေချက်မယ်
[01:46.78] မိသားစုထမင်းဝိုင်း
[01:47.83] လက်ဆုံအတူစားမယ်
[01:52.62] စိန်စီရာခမ်းနားတဲ့အိမ်မက်များမလို
[01:56.59] လိုချင်တာအမေ့လက်ရာငါးပိရေချို
[02:00.84] အဖေကိုယ်တိုင် ခူးကျွေးတဲ့
[02:02.98] အသီးအရွက်နဲ့ တို့စားဖူးတဲ့
[02:05.89] ငြိမ်းချမ်းတဲ့ မိသားစုဘဝကို
[02:26.03] ဒီလိုပဲ ဘဝရဲ့လမ်းတွေထဲ
[02:30.81] အနိမ့်အမြင့်ရှိကြစမြဲ
[02:34.26] အိမ်ပြန်မယ့် နေ့ရက်ရောက်မှာပဲ
[02:39.05] ရင်မှာယုံကြည် မျှော်လင့်ရင်းနဲ့
[02:42.49] ပြန်ဆုံရင် အမေ့ရဲ့ပါးကိုနမ်းမယ်
[02:45.15] အဖေ့ကို ဦးချကန်တော့မယ်
[02:47.30] ညီမလေး ဟင်းတွေချက်မယ်
[02:49.15] မိသားစုထမင်းဝိုင်း
[02:50.48] လက်ဆုံအတူစားမယ်
[02:55.02] စိန်စီရာခမ်းနားတဲ့အိမ်မက်များမလို
[02:59.30] လိုချင်တာအမေ့လက်ရာငါးပိရေချို
[03:03.54] အဖေကိုတိုင် ခူးကျွေးတဲ့
[03:05.33] အသီးအရွက်နဲ့ တို့စားဖူးတဲ့
[03:08.25] ငြိမ်းချမ်းတဲ့ မိသားစုဘဝကို
