12.A Kaung Sone A Shone Tha Mar
[00:17.21] သားသတ်ကုန်းသို့ မရုန်းပဲညှင်သာ
[00:23.06] နှလုံးမရွှင်ပါသော်လည်း
[00:25.44] အားခဲလို့တင်းကာလိုက်ပါ
[00:28.90] အိုကြီးအိုမ သြော် သနားစရာ
[00:33.94] နွားလှညိုပြာ အနောက်ကနေလုံး
[00:40.05] ပျောက်တော့မယ့်ဆည်းဆာ
[00:58.38] သားသတ်ကုန်းသို့ မရုန်းပဲညှင်သာ
[01:04.22] နှလုံးမရွှင်ပါသော်လည်း
[01:06.62] အားခဲလို့တင်းကာလိုက်ပါ
[01:09.80] အိုကြီးအိုမ သြော် သနားစရာ
[01:15.12] နွားလှညိုပြာ အနောက်ကနေလုံး
[01:20.96] ပျောက်တော့မယ့်ဆည်းဆာ
[01:39.82] နုနယ်ငယ်စဉ်တုန်းက
[01:42.76] ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန်ပါ
[01:46.48] ရွှံ့ဆိုသည်မှာကဗ္ဗလာ
[01:48.60] နွံဆိုသည်ကားသူ့မွေ့ယာ
[01:53.91] ရွှေပင်ဖန်ဆင်းလည်တန်ကိုတင်းကာ
[01:58.70] ငွေပင်ဖန်ဆင်းအားမာန်ကိုတင်းကာ
[02:03.74] လုပ်သားကောင်းတစ်ဦးပါ
[02:06.93] ကာယလုပ်သားကောင်းကြီး
[02:09.59] အားထားရတဲ့ နွားလှညိုပြာ
[02:28.18] နုနယ်ငယ်စဉ်တုန်းက
[02:30.84] ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန်ပါ
[02:34.56] ရွှံ့ဆိုသည်မှာကမ္ဗလာ
[02:36.95] နွံဆိုသည်ကား သူ့မွေ့ယာ
[02:42.00] ရွှေပင်ဖန်ဆင်းလည်တန်ကိုတင်းကာ
[02:46.51] ငွေပင်ဖန်ဆင်းအားမာန်ကိုတင်းကာ
[02:51.82] လုပ်သားကောင်းတစ်ဦးပါ
[02:55.28] ကာယလုပ်သားကောင်းကြီး
[02:57.40] အားထားရတဲ့ နွားလှညိုပြာ
[03:03.77] သြော် နှစ်များတစ်ဆင့်ပြောင်း
[03:10.15] ရင့်ညောင်းကာ
[03:15.46] ပျိုကြီး အိုမင်း ယိုယွင်းကာ
[03:25.03] ဇရာကျပေါ့ နွားပြာလှကြမ္မာ
[03:28.48] ထွန်တုံးကို မဖို့လည်း ခါးကမခိုင်ရှာ
[03:34.06] နွံရုန်းဖို့ဆွဖို့လည်း အားကမနိုင်ပါ
[03:39.63] သခင်ကဆူ ကျောကပူသနဲ့
[03:42.56] မောပန်းနွမ်းနယ်ဝမ်းနည်း
[03:46.53] မျက်ရည်ဖြာ
[03:50.27] လယ်ကွင်းကိုဖြတ် ရွာကိုပတ်လို့
[03:53.10] သားသတ်ကုန်းဆီခေါ်ရာ
[03:56.55] လိုက်ပါရင်း လည်ပြန်ကြည့်ရင်း
[03:59.73] နောက်ဆံတင်းပေါ့
[04:01.84] အိုမင်းဇရာကျ နွားပြာလှသူ့ခင်ဗျာ
[04:09.71] ဒီမိုးရောက်ရင် ဒီလယ်တစ်ခွင်
[04:12.28] သခင်ဘယ်သို့ထွန်ပါ့မယ်
[04:15.20] ဒီလယ်သွေ့ခြောက်
[04:16.53] ရွှေပင်ပေါက်အောင်
[04:18.12] အားကိုးလောက်တဲ့ သူ့လုပ်အား
[04:20.78] ထွန်နွားဘယ်ဆီနေပါ့မယ်
[04:27.16] သခင့်အတွက်ဇောနဲ့
[04:32.73] ပင့်သက်မောခဲ့ရှာ
[04:39.11] ဇရာကျအိုဇာ နွားပြာလှပျိုကညာ
[04:44.42] သင်သည်ကား ဘဝနောက်ဆုံးတိုင်
[04:47.61] တာဝန်ထမ်းတဲ့သူပါ
[04:53.44] ဇရာနောက်ဆုံးဘဝထိ
[04:55.58] အရှုံးမပေးရဲရင့်သူပါ
[04:58.94] အို လုပ်သားကောင်းကြီး
[05:01.05] ပေးဆပ်ခြင်းအတွက်ရှင်သန်လာ
[05:04.50] သင်သည်ကား
[05:07.70] အကောင်းဆုံး အရှုံးသမားပါ
