Lrc Player

ညီု့မျက်ဝန်း

Unknown artist
[05:10.10]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:30.71] နောက်လှည့်အကြည့်တစ်ချက်

[00:32.21] ဆိုသာရုံလေး ညို့မျက်ဝန်းရှင်ရယ်...

[00:36.46] မင်းပေးသွားတဲ့အရင် ဝေဒနာလည်း

[00:39.38] စက္ကန့်ရွေ့အမျှပါပဲ....

[00:42.57] ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ်

[00:48.68] တောင်းခံသူကို

[00:54.53] အချစ်တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်

[00:57.44] စေတနာ သဒ္ဒါသလောက်မျှခဲ့ပါ

[01:00.36] အချစ်လမ်းတစ်ဝက်ဖြစ်ဖြစ်

[01:03.29] တွယ်တာနိုင်သလောက် ရွေ့လှမ်းပါ

[01:06.22] အချစ်ပန်းတစ်ခက် ဖြစ်ဖြစ်

[01:09.14] ကြင်နာနိုင်သလောက် စွန့်ခဲ့ပါ

[01:12.32] နားနဲ့မနာ ဖဝါးနဲ့မနာ

[01:15.24] နှလုံးသားနဲ့ နာတော်မူပါ...

[01:18.43] ပြောခဲ့ပါ ဟောခဲ့ပါ

[01:21.08] အချစ်တရားတပုဒ်နာတော်မူပါ

[01:24.27] အတွေးများစွာ အလေးထားကာ

[01:27.46] အရှုံးအမြတ်တွက် မရေရာသူပါ

[01:30.12] နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

[01:35.96] ရော်ဝါရွက်တို့ရဲ့ ညိုးငယ်စိတ်နဲ့အတူ

[01:41.80] မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

[01:47.64] တပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

[01:53.23] ဒီမှာသာ ဆုံးရှုံးနေမှာပဲလေ

[02:00.13] ဆုံးကာ ရှုံးကာသာ နေမှာပဲလေ

[02:05.44] ဆုံးရှုံးနေမှာပဲလေ....

[02:11.55] အမြဲအစဥ်ရှုံးကာသာ နေမှာပဲလေ

[02:17.40] အမြဲရှုံးနေမှာပဲလေ...အချစ်ရေ...

[02:24.30] Úplöâđêđ Bý ☃ မြူနှင်းစက်

[02:24.57] @Mullhninsatt

[02:25.36] ~~~*❄

[02:25.90] ~~~~~~*❄

[02:26.70] ~~~~~~~~~*❄

[02:41.05] အသည်းခွဲမြှားချက်

[02:42.39] ရင်လယ်ဗဟို၌စူးစိုက်ခဲ့ပြီကွယ်

[02:46.63] အပြုံးငွေ့တစ်ချက်က

[02:48.23] ရင်ကိုတစ်ခါတည်း

[02:49.56] သိမ်းပိုက်သွားခဲ့ပြီကွယ်...

[02:52.74] စိတ်အစဥ်ရယ်..တပါတည်းနဲ့ လိုက်ပါသွားတယ်

[02:58.58] ညိုးမှိုင်သူရယ်....

[03:04.43] အရှင်ပုခုံးနုထက်မှ

[03:07.35] အပြာရောင်လွယ်အိတ်လေးဖြစ်ပါရစေ..

[03:10.54] အရှင်ဖဝါးနု အောက်မှ

[03:13.99] ကတ္တီပါဖိနပ်ကလေးဖြစ်ပါရစေ...

[03:16.12] အရှင့် ဦးထိပ်ထက်မှ

[03:19.30] ငွေရောင်ဆံညှပ်ကလေးဖြစ်ပါရစေ..

[03:22.49] နားနဲ့မနာ ဖဝါးနဲ့မနာ

[03:25.15] နှလုံးသားနဲ့ နာတော်မူပါ...

[03:28.34] ပြောခဲ့ပါ ဟောခဲ့ပါ

[03:31.52] အချစ်တရားတပုဒ်နာတော်မူပါ

[03:34.19] အတွေးများစွာ အလေးထားကာ

[03:37.10] အရှုံးအမြတ်တွက် မရေရာသူပါ

[03:40.82] နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ

[03:45.86] ရော်ဝါရွက်တို့ရဲ့ ညိုးငယ်စိတ်နဲ့အတူ

[03:51.71] မြေစာမြတ်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ

[03:57.55] တပြည်ကွာအနမ်းတို့ရဲ့ ဖိတ်ခေါ်ခြင်းနဲ့အတူ

[04:02.86] အသင်ပိုင်ဆိုင်ရာ အသည်းရေ

[04:06.85] ပလင်တော်ထက်မှာ မနှေးမမြန်စတေးခံကာ

[04:12.69] နေမှာပဲလေ အသည်းရေ....

[04:18.54] ပလင်တော်ထက်မှာ ဆုံးကာရှုံးကာသာ

[04:24.38] နေမှာပဲလေ...ဆုံးရှုံးနေမှာပဲလေ..

[04:32.88] အချစ်ရေ....