10.Sate Kuu
[00:27.62] ဆိုပါစို့ ကိုယ့်ရဲ့ဘဝကို
[00:30.26] မင်းကို အပိုင်ပေးမယ်
[00:33.72] ဒီအခါမှာ မင်းများငြင်းမလား
[00:36.38] အတွေးနဲ့ စိတ်အားငယ်
[00:39.83] မင်းသိဖို့ကောင်းတယ်အချစ်ရယ်
[00:42.49] အမြဲလွမ်းတတ်သူဟာ
[00:45.94] မပြောင်းလဲဘူး အသက်နဲ့ထပ်တူ
[00:48.60] စွဲမြဲချစ်နေမှာ
[00:52.32] မင်းစဉ်းစားအချစ်ရယ်ဘယ်လိုလဲ
[00:58.44] ယုယမှုနဲ့ အတူမျှော်နေမယ်
[01:04.19] ကိုယ့်ရဲ့စိတ်ကူးပါကွယ်
[01:10.57] ကိုယ့်ရဲ့စိတ်ကူးကမ္ဘာငယ်
[01:29.42] နေပူပူ မိုးပဲကြမ်းကြမ်း
[01:32.26] ချစ်အိမ်ငယ်ထဲမှာ
[01:35.46] ရေပူရေချမ်းလေးများလည်း
[01:38.11] ကမ်းကာ အတူလှမ်းမယ်
[01:41.84] နှလုံးသားရဲ့ လမ်းမှာ
[01:43.69] မင်းနဲ့တွဲကာလျှောက်ချင်ပြီ
[01:47.69] အေးငြိမ်းတဲ့တေးလေးများလည်း
[01:50.33] ဖွဲ့ကာဆိုချင်ပြီ
[01:54.05] တို့နှစ်ယောက်အတွက်
[01:55.11] ရှိမယ်ဆိုရင်ပေါ့
[02:00.16] အားလုံးနဲ့ဝေးရာကမ္ဘာငယ်ထဲ
[02:06.29] မင်းနဲ့နေလိုက်ချင်တယ်
[02:12.55] မင်းနဲ့ကုန်ဆုံးချင်တယ်
[02:37.41] ကြင်သူရယ် ရဲရဲလှမ်းပါ
[02:40.07] ချစ်ရင်ခွင်ထဲကို
[02:43.52] ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းများ
[02:46.19] တို့အတူဝေမျှမယ်
[02:49.64] အနမ်းများနဲ့အချစ်ရဲ့ညကို
[02:52.30] အလှတွေဝေစေမယ်
[02:55.74] အချစ်စစ်နဲ့ တို့ရဲ့ဘဝကို
[02:58.39] ရုန်းကန်တည်ထောင်မယ်
[03:02.13] သိပ်လှတဲ့အတွေးနယ်ကမ္ဘာငယ်ထဲ
[03:08.25] မင်းစဉ်းစားအချစ်ရယ်ဘာလိုသလဲ
[03:14.27] ကိုယ့်ရဲ့စိတ်ကူးပါကွယ်
[03:20.21] ကိုယ့်ရဲ့စိတ်ကူးကမ္ဘာငယ်
[03:26.39] ကိုယ့်ရဲ့စိတ်ကူးပါကွယ်
[03:32.77] ကိုယ့်ရဲ့စိတ်ကူးကမ္ဘာငယ်
