tain-hlwar-320
[00:08.40] ကောင်းကင်ကြီးကို ငေးမောကြည့်လို့သာ
[00:17.17] မင်းနဲ့အကြောင်းတွေ ရုတ်တရက်ခေါင်းထဲမှာ
[00:25.94] ခံစားချက်များ လူမသိအောင်ဝှက်ထား
[00:34.43] တစ်ယောက်တည်း စိတ်ကူး ကြည်နူးရင်းနဲ့သာ
[00:42.93] မိုးစက်လေးတွေ တဖွဲဖွဲကျလို့လာ
[00:51.70] ကိုယ့်လက်လေးကို မဖြုတ်နဲ့ တွဲထားပါ
[01:00.46] ထွက်မသွားပါနဲ့ ငါတားတယ် မဟုတ်လား
[01:08.97] နင်မသိနိုင်ဘူး ဒီအရူးသိပ်ချစ်တာ
[01:17.20] တိမ်လွှာလေးများ အရမ်းပဲလှသလို
[01:21.46] ဟိုအရင်အတိုင်းပဲ နင်သိပ်လှတယ်
[01:25.70] ကိုယ်အဝေးက ငေးကြည့်ပါ့မယ် အချစ်လေးရေ
[01:31.81] (အချစ်ကလေးရေ)
[01:34.47] အိပ်မက်လေးထဲ အမြဲတွေ့ကြမယ်
[01:38.72] ခဏလေးပဲ ပွေ့ဖက်ထားတယ်
[01:42.97] ဘာတွေဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့ မငိုနဲ့ကွယ်
[02:01.03] စီးကရက်လေးတွေ တစ်လိပ်နှစ်လိပ်သောက်လို့ငါ
[02:09.53] ဓာတ်ပုံအဟောင်းတွေ ထုတ်ကြည့်မိတဲ့အခါ
[02:18.30] မခံစားနိုင်ဘူး တကယ်လွမ်းတယ် သိလား
[02:26.79] ငါတို့နှစ်ယောက်စလုံး တကယ်ချစ်ခဲ့ကြတာ
[02:35.57] မင်းရဲ့သတင်းတွေ တစ်စွန်းတစ်စကြားမိတာ
[02:44.06] မင်းရဲ့လက်ထပ်ပွဲလေး နီးလို့လာ
[02:52.82] တကယ်မထိန်းနိုင်ဘူး ဒီမျက်ရည်စများ
[03:01.32] ရင်အကွဲခံပြီး ဂုဏ်ပြုလိုက်တော့မှာ
[03:09.56] တိမ်လွှာလေးများ အရမ်းပဲလှသလို
[03:13.81] ဖြူစင်လွန်းတဲ့ သတို့သမီးလေးရေ
[03:18.06] ကိုယ်အဝေးက ငေးကြည့်ပါ့မယ် အချစ်လေးရေ
[03:24.17] (အချစ်ကလေးရေ)
[03:26.83] ရင်တွေကွဲလည်း အမြဲချစ်ပါ့မယ်
[03:31.08] အမြတ်တနိုးနဲ့ သတိရပါ့မယ်
[03:35.59] ဘာတွေဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့ မငိုနဲ့ကွယ်
[03:44.09] ဘာတွေဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့ မငိုပါနဲ့တော့ကွယ်
[03:54.98] ဘာတွေဖြစ်ဖြစ် အမြဲတမ်းပြုံးထား
[04:00.82] အချစ်ဆုံးရေ 2
