သေမလိုပဲ
[00:21.53] ဟောင်းနွမ်းသွားတဲ့ မင်းရဲ့ဓာတ်ပုံလေးဟာ
[00:24.45] ကိုယ့်ပိုက်ဆံအိတ်ထဲ အရင်လိုပါ
[00:28.97] အေးချမ်းလွန်းတဲ့ မင်းရဲ့မျက်နှာလေး
[00:30.83] တွေးမိတဲ့အခါ ခဏလောက်တွေ့ချင်လ်ိုက်တာ
[00:36.14] ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့ ကိုယ့်နေ့ရက်များမှာ
[00:39.60] အမှန်တကယ် အတိတ်မေ့သွားရင်ကောင်းမှာ
[00:43.58] နားလည်မှုတွေနဲ့ တို့တည်ဆောက်ထားတဲ့ဘဝဟာ
[00:47.56] အချိန်ရယ် တိုတောင်းလွန်းလိုက်တာ
[00:50.22] ညှင်သာစွာ ပြုံးပြတတ်တဲ့နှုတ်ခမ်းပါးက
[00:54.74] အမုန်းစကားဆိုတဲ့အခါ
[00:57.94] ခုန်မင်စွာ ဖမ်းဆုပ်ခဲ့တဲ့လက်ဖဝါးလေးနဲ့
[01:02.45] တွန်းဖယ်ထွက်ပြေးသွား
[01:05.11] တစ်နေ့နေ့တော့ မေ့နိုင်မယ်ထင်ခဲ့တာ
[01:08.85] ရာသီစက်ဝိုင်းတွေ အဆုံးသတ်မှာ
[01:12.56] ဒီနေ့မနက်ကော ဖြစ်နိုင်မလား
[01:16.29] ရင်ဘတ်ထဲက ငြင်းမြဲပါ
[01:19.74] ဒီလိုသာ လုံးပါးပါးရင်းသံသရာလည်
[01:24.24] ရစ်ပတ်တဲ့ကြိုးလေးတွေကိုချစ်မိနေ
[01:27.97] ကိုယ့်အနာဂတ်က အဓိပ္ပာယ်မရှိတာ
[01:31.69] မင်းပဲအသိဆုံးပါ
[01:35.14] ကိုယ့်အသက်ရဲ့မှီတည်ရာ မင်းအပြုံးလို့ဖြေဆိုမယ်
[01:42.06] ဘယ်လွယ်ပါ့မလဲ သဲလေးရယ်
[01:45.78] သေမလိုပဲ သိရဲ့လားကွယ်
[01:49.50] နောက်ဘဝများ ရှိခဲ့ပါရင်ကွယ်
[01:53.49] မင်းအနားအမြဲနေလိုတယ်
[01:56.67] ဘယ်လွယ်ပါ့မလဲ သဲလေးရယ်
[02:00.39] သေမလိုပဲ သိရဲ့သားနဲ့
[02:04.64] မင်းရဲ့အချစ်ကို အလေးထားပြီးကိုးကွယ်
[02:09.42] အရာရာကို ငါစွန့်ပယ်ခဲ့
[02:11.54] အဆုံးသတ် ရွေးချယ်မှု ငါမဖြစ်ခဲ့တော့
[02:16.08] ဘယ်အရာကို ငါဖက်တွယ်မလဲ
[02:18.72] မြက်ခင်းစိမ်းလေးဟာ
[02:21.64] မင်းနင်းလျှောက်ဖို့အတွက်ကို သီးသန့်ဖြစ်တည်ခဲ့တာ
[02:26.42] နှင်းစက်လေးများစိုနေတဲ့ အို, သစ်ရွက်လေးများဟာ
[02:33.61] နင်မရှိတော့တဲ့ နေ့တွေမှာ
[02:37.31] အလိုလိုညှိုးနွမ်းခြောက်သွေ့သွား
[02:40.77] ကွဲအက်ကြေမွခဲ့ စိတ်ဒဏ်ရာ
[02:44.49] ငါ့အခန်းတံခါးလေး ပိတ်ထားမှာ
[02:48.20] ရင်ခွင်ထဲတိုးဝှေ့ခဲ့တဲ့ မင်းမျက်ဝန်းရဲ့အရိပ်
[02:55.38] နာကျင်ဆဲ နှလုံးသားအတွက်တော့
[02:58.56] ဖြေဆေးမရှိတဲ့ အဆိပ်
[03:02.82] အိပ်စက်ခွင့်ပေးပါ ဒီဆောင်းညတွေမှာ
[03:07.60] အမှောင်ဆုံးနေ့ရက်များ လွန်တဲ့အခါ
[03:12.64] တို့နှစ်ယောက် တွေ့နိုင်မလား
[03:18.48] ကိုယ့်အသက်ရဲ့မှီတည်ရာ မင်းအပြုံးလို့ဖြေဆိုမယ်
[03:25.13] ဘယ်လွယ်ပါ့မလဲ သဲလေးရယ်
[03:29.38] သေမလိုပဲ သိရဲ့လားကွယ်
[03:32.56] နောက်ဘဝများ ရှိခဲ့ပါရင်ကွယ်
[03:37.61] မင်းအနားအမြဲနေလိုတယ်
[03:40.00] ဘယ်လွယ်ပါ့မလဲ သဲလေးရယ်
[03:43.72] သေမလိုပဲ သိရဲ့လား
