Lrc Player

01. Kant Kaw Taw Ka Auu Aww Lay Myar

Unknown artist
[06:23.32]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:19.85] ဆုတောင်းပြည့်သူများက

[00:21.98] သူ့အကြောင်းမေ့ချင်မေ့မည်

[00:31.54] ဥဩဆိုသည်

[00:33.13] နွေ၏ဓါတ်ပြား

[00:34.46] အလွမ်းသမားလေးများဖြစ်ကြပါသည်

[00:39.77] ကံ့ကော်တောမှ

[00:41.63] သက်ရင့်အလွမ်းသမားတွေက

[00:44.55] လက်ဆင့်ကမ်းစကားပေငှ

[00:47.47] ကြားခဲ့ဖူးပါသည်

[00:50.13] ကြားရဖူးပါသည်

[00:58.37] ချစ်ပြီးအသည်းနာ

[01:01.02] ပစ်ပြီးခွဲခွာသွားကြတဲ့

[01:05.69] အထီးကျန်သူတွေရဲ့

[01:09.94] မျက်ရည်စက်ကလေးများမှ

[01:12.34] ဥဩငှက်ကလေးများ

[01:15.52] မွေးဖွားလာကြသည်တဲ့

[01:22.96] သည်သို့ဆိုလျှင်

[01:31.19] တစ်ခန်းရပ်ဝေးခဲ့ကြတဲ့

[01:34.11] အလွမ်းဇာတ်လေးတွေ

[01:37.04] ဘယ်လောက်များနေပြီဆိုတာ

[01:40.49] တစ်နွေသစ်လေတိုင်း

[01:43.41] ရောက်လာတတ်သော

[01:45.55] ဥဩငှက်ကလေးတွေ

[01:48.74] ရေတွက်ကြည့်ပါရေတွက်ကြည့်ပါ

[01:54.58] သိနိုင်ပါပြီ

[02:14.32] ဝေဒနာကုဋေကုဋာနဲ့

[02:16.97] နွေကမ္ဘာဥဩသံလေးများကို

[02:22.82] အမြဲကြားသော်လည်း

[02:25.48] အသည်းစကားလို့

[02:26.80] မထင်နိုင်သူတွေရှိနေပါသည်

[02:31.32] နားတစ်ထောင်ရှိပေမယ့်

[02:33.70] မကြားယောင်မိသူတွေလည်း

[02:36.64] ရှိကောင်းရှိမည်

[02:39.29] အတိတ်အလွမ်းကဗျာဆင့်ပွားတဲ့

[02:42.48] စိန်ပန်းပြာပွင့်များနှင့်

[02:45.13] ချစ်မျက်ရည်လားထင်မှားစရာ

[02:48.58] သစ်ရွက်ကြွေတောကိုလည်း

[02:50.72] မြင်သွားနိုင်ပါပြီ

[02:53.37] ယုံတမ်းစကားပေးတဲ့

[02:56.02] ခုံတန်းလျားလေးများလည်း

[02:58.94] အောင်သွယ်တော်ဖြစ်ခဲ့ဖူးပြီ

[03:04.52] စဉ်းစားသဏ္ဍန်အင်းလျားကန်လည်း

[03:11.42] သက်သေရှိခဲ့ဖူးပါသည်

[03:32.02] ရာသီတွေဘယ်လိုဟောင်းပြောင်းစေ

[03:38.32] တစ်နွေပြီးတစ်နွေဖြေပြီးမပြေ

[03:43.71] မပြေသူတွေ

[03:45.47] နှလုံးသားမေတ္တာအလျော်ခံအချစ်ရဲ့

[03:48.40] နှလုံးသားသစ္စာတော်ခံအဖြစ်နှင့်

[03:51.59] ကံ့ကော်တောကဥဩလေးများကတော့

[03:56.64] ထာဝရအလွမ်းတေးကို

[04:02.49] ပန်းမပေးဘဲသီကြွေးနေပေမည်

[05:15.20] ရာသီတွေဘယ်လိုဟောင်းပြောင်းစေ

[05:20.79] တစ်နွေပြီးတစ်နွေဖြေပြီးမပြေ

[05:26.36] မပြေသူတွေ

[05:27.68] နှလုံးသားမေတ္တာအလျော်ခံအချစ်ရဲ့

[05:31.13] နှလုံးသားသစ္စာတော်ခံအဖြစ်နှင့်

[05:34.06] ကံ့ကော်တောကဥဩလေးများကတော့

[05:39.63] ထာဝရအလွမ်းတေးကို

[05:44.95] ပန်းမပေးဘဲသီကြွေးနေပေမည်