Lrc Player

သေမလိုပဲ

Adjustor
[03:45.53]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:13.71] ဟောင်းနွမ်းသွားတဲ့

[00:15.31] မင်းရဲ့ ဓာတ်ပုံလေးဟာ

[00:16.37] ကို့ပိုက်ဆံအိတ်ထဲအရင်လိုပါ

[00:20.62] အေးချမ်းလွန်းတဲ့

[00:21.68] မင်းရဲ့ မျက်နှာလေးတွေးမိတဲ့အခါ

[00:24.34] ခဏလောက်တွေ့ချင်လိုက်တာ

[00:27.80] ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့

[00:28.86] ကိုယ့်နေ့ရက်များမှာ အမှန်တကယ်

[00:31.24] အတိတ်မေ့သွားရင်ကောင်းမှာ

[00:34.96] နားလည်မှုတွေနဲ့

[00:35.76] တို့တည်ဆောက်ထားတဲ့ဘဝဟာ

[00:38.42] အချိန်ရယ် တိုတောင်းလွန်းလိုက်တာ

[00:41.07] ငြင်သာစွာပြုံးပြတတ်တဲ့နှုတ်ခမ်းပါးက

[00:45.34] အမုန်းစကားဆိုတဲ့အခါ ခုံမင်စွာ

[00:48.79] ဖမ်းဆုတ်ခဲ့တဲ့ လက်ဖဝါးလေးနဲ့

[00:52.52] တွန်းဖယ် ထွက်ပြေးသွား၊

[00:55.18] တစ်နေ့နေ့တော့ မေ့နိုင်မယ် ထင်ခဲ့တာ

[00:58.90] ရာသီစက်ဝိုင်းတွေအဆုံးသတ်မှာ

[01:02.35] ဒီနေ့မနက်ကောဖြစ်နိုင်မလား

[01:05.81] ရင်ဘတ်ထဲက ငြင်းမြဲပါ၊

[01:09.26] ဒီလိုသာလုံးပါးပါးရင်း သံသရာလည်

[01:13.51] ရစ်ပတ်တဲ့ကြိုးလေးတွေကို

[01:15.37] ချစ်မိနေ ကို့အနာဂတ်ဟာ

[01:19.09] အဓိပ္ပါယ်မရှိတာ မင်းပဲအသိဆုံးပါ

[01:24.40] ကို့အသက်ရဲ့ မှီတည်ရာ

[01:27.06] မင်းအပြုံးလို့ ဖြေဆိုမယ်

[01:31.04] ဘယ်လွယ်ပါ့မလည်းအသည်းလေးရယ်

[01:33.96] သေမလိုပဲသိရဲ့လားကွယ်

[01:37.95] နောင်ဘဝများ ရှိခဲ့ပါရင်ကွယ်

[01:41.66] မင်းအနားပဲနေလိုတယ်

[01:44.85] ဘယ်လွယ်ပါ့မလည်း အသည်းလေးရယ်

[01:48.04] သေမလိုပဲ သိရဲ့သားနဲ့

[01:52.55] မင်းရဲ့အချစ်ကို အလေးထားပြီးကိုးကွယ်

[01:56.01] အရာရာကိုငါစွန့်ပယ်ခဲ့

[01:59.73] အဆုံးသတ်ရွေးချယ်မှု ငါမဖြစ်ခဲ့တော့

[02:03.18] ဘယ်အရာကို ငါဖက်တွယ် မလည်း၊

[02:06.10] မြက်ခင်းစိမ်းလေးဟာ မင်းနင်းလျှောက်

[02:09.02] ဖို့အတွက်ကို သီးသန့်ဖြစ်တည်ခဲ့တာ၊

[02:14.60] နှင်းစက်လေးများ စိုနေတ‌ဲ့

[02:16.73] အိုသစ်ရွက်လေးများဟာ

[02:20.18] နင်မရှိတော့တဲ့ နေ့တွေမှ

[02:23.37] အလိုလို ငြှိုးနွမ်းခြောက်သွေ့သွား

[02:27.09] ကွဲအက်ကြေမွခဲ့ စိတ်ဒဏ်ရာ

[02:30.28] ငါ့အခန်းတံခါး လေးပိတ်ထားမှာ

[02:34.26] ရင်ခွင်ထဲတိုးဝှေ့ခဲ့တဲ့

[02:36.65] မင်းမျက်ဝန်းရဲ့အရိပ်

[02:41.16] နာကျင်ဆဲနှလုံးသားအတွက်တော့

[02:43.82] ဖြေဆေးမရှိတဲ့အဆိပ်

[02:48.34] အိပ်စက်ခွင့်ပေးပါ ဒီဆောင်းညတွေမှာ

[02:52.59] အမှောင်ဆုံးနေ့ရက်များ လွန်တဲ့အခါ

[02:57.90] တို့နှစ်ယောက်တွေ့နိုင်မလား

[03:03.21] ကို့အသက်ရဲ့ မှီတည်ရာ

[03:06.40] မင်းအပြုံးလို့ ဖြေဆိုမယ်

[03:09.59] ဘယ်လွယ်ပါ့မလည်း အသည်းလေးရယ်

[03:12.77] သေမလိုပဲသိရဲ့လားကွယ်

[03:16.76] နောင်ဘဝများ ရှိခဲ့ပါရင်ကွယ်

[03:20.48] မင်းအနားပဲနေလိုတယ်

[03:23.66] ဘယ်လွယ်ပါ့မလည်းအသည်းလေးရယ်

[03:27.12] သေမလိုပဲ သိရဲ့လား ....