Lrc Player

လိမ်စမ်းညာစမ်း

Sai Sai Kham Leng (ft: Mg Mg Pyae Sone)
[00:00.00]·Synced by Guest·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:00.44] Lyric by: Xellen

[00:00.82] လိမ်စမ်း ညာစမ်း နှလုံးသားကို

[00:05.01] အရည်ပျော်သွားအောင်လို့

[00:10.46] နင်မရှိရင် မဖြစ်တဲ့ငါ့ကို အနိုင်ယူလိုက်ပါဦး

[00:21.57] မင်းအကြောင်းတွေ စဉ်းစားပြီးငါ အလုပ်အကိုင်ပျက်

[00:23.83] မင်းကတော့ ဆရာမကြီးပါပဲ ငါ့ဘ၀ကိုချုပ်ကိုင်ခဲ့

[00:26.31] ငါ့မှာအိပ်ရေးတွေပျက် အိမ်စာတွေမလုပ်နိုင်ဘဲ

[00:29.08] မနက်ဆို ရုံးနောက်ကျခဲ့ အလုပ်တောင်ပြုတ်နိုင်တယ်

[00:31.87] ငါဒီမှာရူးသွပ်လို့သွားအောင် မင်းကပြုစားနေတာ

[00:34.32] ဒါပေမယ့်မင်းပြောတဲ့ စကားတွေတိုင်းက မုသားတွေပါ

[00:37.23] မင်းရဲ့ကြိုးဆွဲရာကမယ့် ငါကရုပ်သေးတစ်ခုလားတဲ့

[00:40.10] အရာရာ မင်းအတွက်ဘာမှမငြင်းဘဲ အလုပ်အကျွေးပြုမှာပဲ

[00:42.90] မင်းသတင်းတွေလည်း အတင်းအဖျင်းတွေပဲလို့

[00:45.69] ငါယူဆပြီးတော့ လူတွေနဲ့လည်း ကင်းကင်းနေတယ်

[00:48.01] သူငယ်ချင်းအချင်းချင်းတွေကတောင် ဒီကောင်သိပ်ဒူတယ်တဲ့

[00:50.75] ငါဂရုမစိုက်ဘူး မင်းအတွက်ပဲ စိတ်ပူပါတယ်

[00:53.34] Yeah .. အမြဲတမ်းဘဲ မင်းကငါ့ကိုရူးအောင်ချွဲ

[00:56.71] မင်းပြောတဲ့ပုံပြင်တွေလည်း အတုအယောင်ပဲ

[00:59.36] ဒီတစ်ယောက်နဲ့မှ ဟိတ်ကောင်မင်း ဘာဖြစ်တာလဲ

[01:01.85] လာမပြောကြနဲ့ငါမသိဘူး ချစ်မှာပဲ လိမ်စမ်း ညာစမ်း နှလုံးသားကို

[01:10.16] အရည်ပျော်သွားအောင်လို့

[01:15.59] နင်မရှိရင် မဖြစ်တဲ့ငါ့ကို အနိုင်ယူလိုက်ပါဦး

[01:25.64] နင်ဘယ်လိုဆိုးမလဲ သိပါတယ်

[01:30.58] ဘယ်လိုလှည့်စားမလဲ နားလည်တယ်

[01:37.04] လိမ်ပေါ့ညာပေါ့ ငါ့ဘ၀ကို

[01:42.10] နင်လိမ်ညာလိုက်ပါဦး

[01:47.67] မင်းငါ့ကို အနိုင်ယူပါဦး ငါကပဲအရူံးပေးပါတယ်

[01:50.23] နောက်တစ်ခေါက် ဟန်ဆောင်ပါဦး ငါကတော့ ဒုံးေ၀းပါတယ်

[01:52.94] သမင်မျက်လုံးလေးနဲ့ ကလေးတစ်ယောက်လို အထာမျိုးတွေနဲ့

[01:55.54] ငါတစ်ယောက်တည်း ရှိတယ်ဆိုပြီး ဘာအချိုးတွေလဲ! ဟင်!

[01:58.95] ငါမသိဘဲ ယောင်္ကျားလေးတွေ အိမ်အလည်လာတယ်

[02:01.05] အမြဲတမ်းပဲ ဆင်ခြေတွေအပြည့်နဲ့ ငါ့ကို လိမ်လည်ပါတယ်

[02:03.73] ငါ့မှာ သိမ်ငယ်လာတယ် တော်ပါပြီ မကျိန်တွယ်ပါနဲ့

[02:06.37] လက်ထပ်ဖို့ပြောလိုက်တိုင်းလည်း အချိန်တွေကိုဆွဲ

[02:09.24] တခါတလေဆို မျက်ရည်တောင်လည်တယ် ညတွေနက်ပေမယ့်

[02:11.50] မင်းအပြင်တွေထွက်နေတာလည်း ငါသိတော့ခက်နေပါတယ်

[02:14.45] ငါဖုန်းတွေဆက်နေရင်လည်း Busy တွေဖြစ်နေတာအမြဲ

[02:17.10] ဘယ်သူနဲ့ Chat နေတာလဲ Message တွေဖျက်နေပါတယ် Yeach

[02:20.59] ငါဒီမှာမျက်နှာတွေ ငယ်ပါတယ် မာနတွေလည်းဘယ်မှာလဲ

[02:24.08] ဘ၀ကလည်း အဓိပ္ပါယ်မဲ့

[02:26.02] နောက်ဆုံးတော့အချစ်ကလည်း ငါ့အတွက်တော့ ပျားရည်ဆမ်းတဲ့ အဆိပ်တစ်ခွက်

[02:29.95] လိမ်စမ်း ညာစမ်း နှလုံးသားကို

[02:36.00] အရည်ပျော်သွားအောင်လို့

[02:40.49] နင်မရှိရင် မဖြစ်တဲ့ငါ့ကို အနိုင်ယူလိုက်ပါဦး

[02:51.45] နင်ဘယ်လိုဆိုးမလဲ သိပါတယ်

[02:56.90] ဘယ်လိုလှည့်စားလဲ နားလည်တယ်

[03:02.47] လိမ်ပေါ့ညာပေါ့ ငါ့ဘ၀ကို

[03:08.24] နင်လိမ်ညာလိုက်ပါဦး

[03:35.74] မင်းကတော့ တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ

[03:38.76] မင်းအတွက်နဲ့ ငါ့အိပ်မက်တွေ ကျွမ်းယောင်ခဲ့

[03:41.40] မင်းကတော့ ငါ့အချစ်ကို နင်းချေခဲ့

[03:44.05] မင်းအတွက်နဲ့ ငါ့ရင်ထဲက အတွင်းကြေပဲ

[03:46.94] မင်းကတော့ ငါ့အသည်းကိုခွဲမယ်တဲ့

[03:49.67] မင်းအတွက်နဲ့ ငါ့မှာလုံး၀ သည်းခြေပျက်

[03:49.69] ဒီတစ်ယောက်နဲ့မှ ဟိတ်ကောင် မင်းဘာဖြစ်တာလဲ

[03:55.00] လာမပြောကြနဲ့ ဂရုမစိုက်ဘူး ချစ်မှာပဲ

[03:57.79] လိမ်စမ်း ညာစမ်း နှလုံးသားကို

[04:02.74] အရည်ပျော်သွားအောင်လို့

[04:07.59] လိမ်ပေါ့ညာပေါ့ ငါ့ဘ၀ကို

[04:12.48] နင်လိမ်ညာလိုက်ပါဦး