ပြီးခဲ့သောဇာတ်လမ်းအကျဉ်း
[00:05.88] ပြီးခဲ့သောဇာတ်လမ်းအကျဉ်း
[00:12.31] စိုင်းစိုင်းခမ်းလှိုင် ၊ သအို
[00:18.27] ငါရှူပ်ထွေးတဲ့လူ့ဘဝမှာရိုးသားချင်ဖူးတယ်
[00:22.24] စာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ချင်ဖူးတယ်
[00:24.75] ကြိုးစားခဲ့ဖူးတယ်ဆုတွေလည်းဆွတ်ခူးတယ်
[00:27.23] ကလေးဘဝမိသားစုနဲ့ကြည်နူးခဲ့
[00:29.71] ငါစွဲလမ်းယစ်မူးတဲ့စိတ်ဆန္ဒတစ်ခုက
[00:32.27] အဆိုတော်ကြီးဖြစ်ဖို့စိတ်ကူးနဲ့ရူးတယ်
[00:34.93] ဆယ်ကျော်သက်အရွယ်အိမ်မှာနောက်ထပ်မနေချင်ဘဲ
[00:37.23] အုတ်ခုံမှာဂီတာတီးတဲ့အပေါင်းအသင်းတွေအသေခင်တယ်
[00:39.98] စာတွေမသင်ချင်ပဲငါရည်းစားတွေပဲထားချင်
[00:42.27] ကျူရှင်ခတွေတောင်းပြီးအပြင်ကိုလျှောက်ပြီးသွားချင်
[00:44.91] Game ကစားချင် အိမ်ကပိုက်ဆံနှိုက်ချင်
[00:47.47] ဆိုးတဲ့ငါအကျိုးမဲ့စွာပေတေပြီးမိုက်မဲ
[00:49.95] လက်ဖက်ရည်ဆိုင်နဲ့လမ်းပေါ်ကရန်ပွဲတွေ
[00:52.36] မနေ့တစ်နေ့ကအဖြစ်အပျက်လိုလွမ်းမိနေတုန်းပဲ
[00:55.00] ဆရာမတွေခေါင်းကိုက်အောင်သောင်းကျန်းခဲ့
[00:57.40] လူကြီးတွေကလည်းမင်းဒီအိမ်ကနေပြောင်းစမ်းတဲ့
[00:59.31] အိပ်မက်များ ...ငါမက်ရင်း…
[01:03.85] အပြာရောင်မိုးသားထဲလွင်ပြင်များရဲ့အလယ် တိမ်လိုပဲ
[01:11.53] မျောလွင့်ရင်းဒီဘဝကြီးအဓိပ္ပာယ်
[01:16.50] ဘာတွေအရေးကြီးသလဲရှာဦးမယ်
[01:21.30] အိုလောကရဲ့အဓိပ္ပာယ်ရှာဦးမယ်
[01:29.61] ငါရည်မှန်းတဲ့ဘဝများအတွက်မျှော်လင့်ချက်များအတွက်
[01:32.46] ရန်ကုန်မြေကိုနင်းခဲ့တာသုံးရာခြောက်ဆယ်ငါးရက်
[01:34.86] 48 ကားကိုစီးလို့မြို့ထဲကိုလျှောက်ကာထွက်
[01:37.34] သင်တန်းတွေလျှောက်ကာတက်
[01:38.73] လူကလည်းမြောက်ကာတက်
[01:40.08] ငါတစ်ယောက်ထဲမျောလွင့်ခဲ့အချိန်တုန်းက
[01:42.70] လုပ်ချင်တာဖြစ်ချင်တာစိတ်တွေကများ
[01:44.66] မော်ဒယ်ကြီးဖြစ်ချင်တယ်အဆိုတော်လည်းရူးတယ်
[01:47.45] ရုပ်ရှင်တွေကြည့်ပြီးဇာတ်လိုက်လည်းရူးတယ်
[01:49.80] VCD ရိုက်တဲ့ဝင်ငွေနဲ့လည်းရပ်တည်ဖူးတယ်
[01:52.49] ခပ်တည်တည်နဲ့shooting လည်းရပ်ကြည့်ဖူးတယ်
[01:55.08] ချောကလက်ရောက်ရေခဲအိပ်မက်အခွေလည်းဖြန့်ချီဖူးတယ်
[01:57.61] အမှတ်မရှိပဲမကြာခဏheart ထိဖူးတယ်
[02:00.09] ကြောငြာTVနဲ့စူပါစတားတွေလည်းငါသိပ်ကိုအားကျပြီး
[02:03.28] အရမ်းကိုရူးသွပ်ပြီးမိုက်မဲငါကြိုက်တဲ့မိန်းကလေးတစ်ယောက်ကို
[02:06.44] အသညး်အသန်လိုက်ခဲ့ကမာရွတ်(၂)ကျောင်းရှေ့မှာ
[02:08.71] အချစ်ရဲ့မှတ်တိုင်စိုက်ခဲ့
[02:09.03] အိပ်မက်များ ...ငါမက်ရင်း…
[02:13.65] အပြာရောင်မိုးသားထဲလွင်ပြင်များရဲ့အလယ် တိမ်လိုပဲ
[02:21.25] မျောလွင့်ရင်းဒီဘဝကြီးအဓိပ္ပာယ်
[02:26.45] ဘာတွေအရေးကြီးသလဲရှာဦးမယ်
[02:31.99] အိုလောကရဲ့အဓိပ္ပာယ်ရှာဦးမယ်
[02:40.11] ဖြစ်ချင်မှုတွေအောက်မှာအရင်းအနှီးတွေနဲ့
[02:42.23] ရယူခြင်းရဲ့နောက်မှာဒီလိုပေးဆပ်ခြင်းတွေနဲ့
[02:44.53] အချိန်တွေပုံအောပြီးရလာတဲ့ရလဒ်
[02:47.09] အခုမထူးခြားသေးပါဘူးဟေ့ဘဝဆိုတာဟာပြဇာတ်
[02:49.91] ကနေရင်းပြနေရင်းဖြစ်ပျက်ခဲ့ဇာတ်လမး်
[02:52.13] သူငယ်ချင်းများစွာနဲ့ဖေဖေါ်ဝါရီမှတ်တမ်း
[02:54.79] အသည်းတွေလည်းကွဲအက်လို့ရုပ်ပျက်ဆင်းပျက်ဖြစ်ဖူးပြီ
[02:57.56] တစ်ခါတစ်လေလညး်ငါအောင်မြင်မှုနဲ့ယစ်မူးသည်
[03:00.07] ချစ်သူတွေကလက်ဆောင်ပန်းစည်းတွေပေး
[03:02.08] တစ်ချို့တွေကဆဲရေးလို့ရေသန့်ဗူးတွေနဲ့ကျွေး
[03:04.77] အချစ်ရှိရင်အမုန်းရှိမယ်အဖြူရှိရင်အမည်းရှိမယ်
[03:07.36] သဘာဝတရားပဲအတက်ရှိတော့အဆင်းရှိမယ်
[03:09.97] ဒီဘဝအတွက်တော့ကံတရားကိုဦးညွတ်တယ်
[03:12.45] စိတ်ဖိစီးမှုကဖိအားတွေနဲ့ရူးသွပ်ဆဲ
[03:15.04] ငါဟာအဲဗားဂေါ်လီအနုပညာနဲ့အထူးပျော်သည်
[03:17.57] ပရိတ်သတ်အတွက်ငါ့နာမည်ကိုစိုင်းစိုင်းဟုခေါ်သည်
[03:20.13] စိုင်းစိုင်းဟုခေါ်သည်
[03:21.65] အိပ်မက်များ ...ငါမက်ရင်း…
[03:26.40] အပြာရောင်မိုးသားထဲလွင်ပြင်များရဲ့အလယ် တိမ်လိုပဲ
[03:33.85] မျောလွင့်ရင်းဒီဘဝကြီးအဓိပ္ပာယ်
[03:38.76] ဘာတွေအရေးကြီးသလဲရှာဦးမယ်
[03:45.24] အိုလောကရဲ့အဓိပ္ပာယ်ရှာဦးမယ်
[03:53.07] ရှေ့ဆက်မယ့်လောကရဲ့အဓိပ္ပာယ်ရှာဦးမယ်
[03:56.16] အိုလောကရဲ့အဓိပ္ပာယ်ရှာဦးမယ်
