ShweHtoo Moe Sat Myar Pyaw Thaw Boc 04 Final 004
[00:06.99] သီချင်း - မိုးစက်များကပြောသော
[00:09.24] တေးဆို - Shwe Hmone Yati X Shwe Htoo
[00:17.99] မိုးရေထဲမှာထီးအတူဆောင်း
[00:19.74] နှစ်ယောက်လုံးစိုရွှဲကာချစ်တုန်း...
[00:23.15] လူကြီးတွေမသိအောင် ဖုန်းတွေပြော
[00:24.15] မနက်ခင်းတွေအဓိပါယ်အပြည့်ဆုံး...
[00:25.65] ဘာတွေမှားယွင်းသွားတာလဲ ...
[00:29.40] စဥ်းစားမရပါခက်ခဲ ...
[00:33.65] ရန်တွေဖြစ်ကြပြန်ချစ်ကြနဲ့
[00:35.41] အချစ်တွေတိုးလာတာပေါ့...
[00:37.15] အရွယ်ရောက်စငါ့နှလုံးသားလေးဟာ
[00:39.41] နင့်အပေါ်နစ်လာပါရော ...
[00:41.40] အရမ်းချစ်ခဲ့ကြတယ်လေ...
[00:45.15] ဒီလို ဇာတ်သိမ်းလေးတော့မဖြစ်ချင်ဘူး ...
[00:50.15] တစ်ချို့အချစ်တွေကလေထဲမှာ...
[00:51.65] တစ်ချို့အချစ်တွေကရင်ထဲမှာ...
[00:53.40] တစ်ချို့အချစ်တွေကမှောင်မဲပြီးလှောင်ပိန်းနေလဲ
[00:55.16] ပျော်ရွှင်တဲ့လူအချို့ကတော့ယုံဆဲပါ..
[00:57.15] တစ်ချို့အချစ်တွေကဖြူစင်တယ် ယုန်တွေလို...
[00:58.65] တစ်ချို့အချစ်တွေကျကျန်ခဲ့တယ်ပုံပြင်လို...
[01:00.90] တစ်ချို့အချစ်တွေက ဘာဆိုဘာမှမဟုတ်ခဲ့ပဲနဲ့
[01:03.15] ဘဝကိုပါပျက်လောက်တဲ့အထိ အရာရာပုံနေသလို...
[01:05.66] ဆုံမှတ်တို့မရှိတဲ့မျဥ်းပြိုင်နှစ်ကြောင်းလိုဝေးပြီ ငါတို့ဝေး...
[01:13.90] တစ်ခါတစ်လေ တော့လည်းသတိရမိတယ်...
[01:21.79] အဆင်ပြေပါ့မလား စိတ်ပူဆဲ...
[01:22.28] ဘယ်တော့မှ ထပ်တွေ့ဖို့တော့ မဖြစ်နိုင်ဝေးပြီ ငါတို့ဝေး...
[01:27.53] ငါတို့ဝေး... ဘယ်လိုအရာမှ မနှစ်သိမ့်နိုင်ဘူး...
[01:33.28] သေရာပါ ငါ့အလွမ်းတွေယူ... ထွက်သွားလေသူ ...
[01:38.28] တစ်ချို့အချစ်တွေက နန်းတော်ထဲ...
[01:39.79] တစ်ချို့အချစ်တွေက လမ်းပေါ်ဝဲ...
[01:41.29] တကယ်တမ်းကျတော့အရေးကြီးတာ
[01:42.54] နားလည်မှုနဲ့ နှစ်ဦးသား သက်ဆုံးတိုင်မြဲဖို့ပဲ...
[01:45.04] တစ်ချို့အချစ်တွေက သကြားနဲ့တူ...
[01:46.79] တစ်ချို့အချစ်တွေက ဓားနဲ့တူ...
[01:48.04] တစ်ချို့လူတွေအတွက်ကျတော့
[01:50.04] First Love ဆိုတာကြီးကို
[01:50.29] ပြန်မကြားချင်လောက်အောင် နားမှာခါးခဲ့ဖူးတယ်...
[02:09.29] ကော်ဖီဆိုင်ထဲက... ပျော်ရွှင်စရာအလွမ်းများ...
[02:19.54] ငါ့အလွမ်းများ... တွေးနေမိတာ
[02:21.04] တစ်နေ့မှ မမေ့သေးဘူး ငါ့မှာ ...
[02:25.03] အပေါ်ယံတွေရဲ့ကြား... နင်ငိုနေမှာငါစိုးတာ...
[02:33.53] ထွက်မသွားဖို့တားချင်ပေမယ့်...
[02:37.54] ငါမင်းရဲ့စိတ်ကိုအလိုလိုက်တာ..
