Lrc Player

a pyae pyae lan ma

Unknown artist
[04:05.79]·
This lyric sheet isn't paired with a song yet, so lines are shown but won't sync or seek.

[00:00.66] သီချင်း - အဝေးပြေးလမ်းမ

[00:01.65] တေးဆို - G Fatt

[00:26.65] အဝေးပြေးလမ်းမကြီးမှာ

[00:28.66] ရင်ခုန်သံတွေ ပြန့်ကျဲပြီး ထွက်ခွာခဲ့တာ

[00:31.66] ရန်ကုန်အပြန်မှာ အလွမ်းများက ထိန်းမရ

[00:34.65] မန္တလာမြေက အမှတ်တရနေ့ကလေးများ

[00:38.40] ဟို အဝေးပြေးလမ်းမကြီးမှာ

[00:40.91] မိုင်တိုင်တွေက ငါတို့နှစ်ယောက်ကို ခြားနား

[00:44.15] လေယာဉ်ပျံတွေလို မင်းရှိရာအရပ် ပျံသန်းပြီး မလာတတ်

[00:47.91] စိတ်ဒုက္ခရောက်တယ်ကွာ မင်းသိရဲ့လား

[00:54.16] နင်မြင်ဖူးနေသမျှ ခပ်ညံ့ညံ့ကောင်တွေနဲ့ ငါနဲ့ယှဉ်ရင် ရူးနေမှာ

[00:57.41] နင့်အချစ်ကို ရဖို့ ခွင်ဆင်ဒုချေလွှာတွေ မတင်ချင်ဘူးလေကွာ

[01:00.40] ငါ မျက်နှာငယ်ရတယ် နင့်သူငယ်ချင်းဆိုတဲ့ ခင်မင်မှုတွေကြား

[01:02.91] သူတို့က ငါ့ထက်ပိုချစ်တယ်ပေါ့ အဲ့ဒါ တကယ်တော့ ရင်ခွင်တုတွေပါ

[01:06.16] အဲ့ကောင်တွေကို လိုတာထက်ပို ဂရုစိုက်ပြတာတွေ ရှောင်ရှားစေဖို့

[01:09.16] ပြောတော့ အထင်မလွဲပါနဲ့တဲ့ ဖြူစင်မှုတွေက မောင်နှမတွေများ

[01:12.41] ဆင်ခြေဆင်လက်တွေက ငါ့ခံစားချက်တွေကို လှောင်ပြနေသလို

[01:15.66] သံသယက မီးလိုပူပေမယ့် မေတ္တာက တောင်ကျရေလို

[01:18.91] သူမက အရာရာ ပြည့်စုံတယ် ကျုပ်က ရုန်းကန်ရတာ လူ့အနှိမ်ဘဝနဲ့

[01:22.16] အတိတ်ကို မမေ့နိုင်လို့ အနာဂတ်ကို တွေးတိုင်း ခုချိန် အားငယ်

[01:25.15] ရောဂါက ကျွမ်းနေပါပြီ ကုချိန်မရခဲ့

[01:27.65] မန္တလေးရောက်ရင် မသွားတော့ဘူး

[01:29.15] သူ့အိမ်နားနဲ့ လမ်းအတူလျှောက်ဖူးတဲ့ ဦးပိန်တံတားလဲ

[01:31.66] အဝေးပြေးလမ်းမ

[01:32.40] အဝေးပြေးလမ်းမကြီးမှာ

[01:33.91] ရင်ခုန်သံတွေ ပြန့်ကျဲပြီး ထွက်ခွာခဲ့တာ

[01:36.90] ရန်ကုန်အပြန်မှာ အလွမ်းများက ထိန်းမရ

[01:39.90] မန္တလာမြေက အမှတ်တရနေ့ကလေးများ

[01:43.65] ဟို အဝေးပြေးလမ်းမကြီးမှာ

[01:45.90] မိုင်တိုင်တွေက ငါတို့နှစ်ယောက်ကို ခြားနား

[01:49.15] လေယာဉ်ပျံတွေလို မင်းရှိရာအရပ် ပျံသန်းပြီး မလာတတ်

[01:52.90] စိတ်ဒုက္ခရောက်တယ်ကွာ မင်းသိရဲ့လား

[01:59.15] သေချာကြားရအောင်လို့ နင့်စပီကာကို အသံကုန်ချဲ့ထားပါ

[02:02.16] တကယ်ဆို နှုတ်ဆက်ချိန်မှာ ငါပြောချင်တာ ပြန်ဆုံမဲ့ စကားများ

[02:05.15] မိုင်ပေါင်း ၄၀၀ ကျော် မန္တလေး နဲ့ ရန်ကုန်ရဲ့ခြားနား

[02:08.16] နောက်ကွယ်မှာ ရှုပ်မယ်တော့ မထင်နဲ့

[02:09.65] ကျုပ်က ခြံမခုန်တဲ့နွားပါ

[02:11.41] နင်ကျုံး‌ဘေးမှာ လွမ်းနေမလားဆိုပြီး

[02:13.16] ငါ အင်းလျားကန်ဘောင်မှာ ငေါင်နေတာ

[02:14.65] မဟာမြတ်မုနိ အတူပြန်ဖူးချင်ကြောင်း

[02:16.16] ဆုတောင်းတယ် ရွှေတိဂုံအောင်မြေမှာ

[02:17.66] ပြင်ဦးလွင် ပန်းမြို့တော် တောင်လှေကား

[02:19.15] ငြိမ်းချမ်းလွန်းတဲ့‌ဒေသတွေ

[02:20.91] မင်းနဲ့အတူသွားချင်တဲ့ စိတ်က

[02:22.40] မသေရုံတမယ် အနေအထားဟေ့

[02:23.90] ချစ်သူမဖြစ်ချင်ဘူး ပရိတ်သတ်

[02:25.16] တစ်ယောက်လိုပဲ အားပေးချင်တာတဲ့

[02:26.41] သူ အဲ့ဒီလိုပြောတော့ ကျွန်တော်

[02:27.41] နားလေးချင်တာ တကယ်

[02:28.41] ငါ့သူငယ်ချင်း အဆိုတော် စုံတွဲတွေရဲ့

[02:29.16] မျက်နှာ သွားပြေးမြင်လာတယ်

[02:30.66] ကျုပ်က ဘဝကို လောင်းကြေးထပ်

[02:31.90] ရှုံးမဲ့အချပ်ကိုင်ပြီး ဖဲပွတ်နေသူ

[02:33.41] ခင်များက သိသိရဲ့ အနိုင်ပိုင်း

[02:34.65] အလည်လာတဲ့ နှလုံးသားကို ဧည့်ဝတ်မကျေဘူး

[02:36.90] အဝေးပြေးလမ်းမကြီးမှာ ရင်ခုန်သံတွေ

[02:39.40] ပြန့်ကျဲပြီး ထွက်ခွာခဲ့တာ

[02:41.65] ရန်ကုန်အပြန်မှာ အလွမ်းများက ထိန်းမရ

[02:44.90] မန္တလာမြေက အမှတ်တရနေ့ကလေးများ

[02:48.91] ဟို အဝေးပြေးလမ်းမကြီးမှာ မိုင်တိုင်တွေက

[02:51.90] ငါတို့နှစ်ယောက်ကို ခြားနား

[02:54.15] လေယာဉ်ပျံတွေလို မင်းရှိရာအရပ်

[02:56.41] ပျံသန်းပြီး မလာတတ်

[02:57.91] စိတ်ဒုက္ခရောက်တယ်ကွာ မင်းသိရဲ့လား